(ကွန်ဆာဗေးတစ်၏(၁၄) နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့)
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၅/ ၂၀၂၄ (နိုင်ငံတကာ)
ဗြိတိန်ပါလီမန်ရွေးကောက်ပွဲတွင် အလုပ်သမား(လေဘာ) ပါတီသည် သောင်ပြိုကမ်းပြိုအနိုင်၇ခဲ့ပြီး ကွန်ဆာဗေးတစ်၏ (၁၄)နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့သည်။
လေဘာပါတီသည်အစိုးရဖွဲ့ရန် လိုအပ်သည့် ပါလီမန် အမတ်နေရာ စုစုပေါင်း (၆၅၀)တွင်ထက်ဝက်ကျော်ဖြစ်သည့်အမတ်နေရာ (၃၂၆)နေရာ ကို ကျော်လွန်ကာ အမတ်နေရာ(၄၁၂)နေရာရရှိခဲ့ပြီး အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဗြိတိန်အောက်လွှတ်တော်တွင် အမတ်နေရာ (၆၅၀) ရှိရာလေဘာပါတီက အမတ်နေရာ (၄၁၂) နေရာ၊ ကွန်ဆာဗေးတစ်များက အမတ်နေရာ ( ၁၂၁ ) နေရာသာ ရရှိခဲ့ပြီးလစ်ဘရယ် ဒီမိုကရက်များက(၇၁)နေရာ ရရှိခဲ့သည်။
စကော့တလန်အမျိုးသားပါတီ(SNP) ပြိုကွဲရခြင်းကြောင့်လည်းအလုပ်သမားပါတီက မဲ များပိုမိုရရှိလာအောင် တစ်စိတ်တစ်ပိုင်းအဖြစ် အကူအညီဖြစ်စေခဲ့သည်ဟုဆိုသည်။
ရာထူးမှနုတ်ထွက်ခဲ့သည့်ဝန်ကြီးချုပ်ဆူးနက်ခ် သည် သောကြာနေ့(ဇူလိုင် ၅ ရက်)နံနက်ပိုင်းက အမှတ်(၁၀)၊ ဒေါင်းနင်းလမ်း အပြင်ဘက်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံ ကြောင်းပြောဆိုခဲ့ သည်။
"မင်းတို့ ရဲ့ဒေါသတွေ၊စိတ်ပျက်မှုတွေကို ကျွန်တော် ကြားခဲ့ရပြီးပါပြီ။ ဒီ(ရွေးကောက်ပွဲ)ရှုံးနိမ့်မှုအတွက် ကျွန်တော်တာဝန်ယူပါတယ်" ဟု ဆူးနက်စ် က ပြောဆိုသည်။
ရွေးကောက်ပွဲ၇လဒ်အတွက်၄င်းက တာဝန်ယူခဲ့ပြီး လာမည့်လများအတွင်း ပါတီခေါင်းဆောင်အဖြစ်မှနုတ်ထွက်ရန် စီစဉ်ထားကြောင်း လည်းပြောဆိုခဲ့သည်။
ယင်းနောက်အနိုင်ရ လေဘာပါတီမှ ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် ဆာကီးရာ ကိုလည်း "အစိုး၇သစ်အောင်မြင်ပါစေကြောင်း" ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ဟောင်းဆူးနက်စ် သည် အမှတ်(၁၀)၊ဒေါင်းနင်းလမ်း နေအိမ်မှထွက်ခွာကာ ဘာကင်ဟမ်နန်းတော်သို့ သွားရောက်ခဲ့ပြီး ဘုရင်ကြီးနှင့် တွေ့ဆုံခဲ့ ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ တရားဝင်နုတ်ထွက်ခဲ့သည်။
ရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက်အောင်ပွဲခံခဲ့သည့် အနိုင်ရ လေဘာပါတီ ခေါင်းဆောင်လည်းဖြစ်၊ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် ဆာကီးရာစတားမားက“အမျိုးသားပြန်လည်ထူထောင်ရေး”ကိုကတိကဝတ်ပြုခဲ့ပြီး “နိုင်ငံသည် ပထမ၊ ပါတီသည်ဒုတိယ” ထားရှိမည်ဟုလည်းထပ်လောင်း၍ ကတိပြုပြောကြား ခဲ့သည်။
အစိုးရသစ်တစ်ရပ်ကိုဦးဆောင်ရန် အတွက် ဝန်ကြီးချုပ်ရာထူး ကို ဘုရင့်ဆီက တရားဝင် လက်ခံစာကိုရယူရန် အလုပ်သမားခေါင်းဆောင်ဆာကီးရာစတားမားသည် ဘုရင်ကြီးနှင့် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်နေပြီဟု သိ၇သည်။
Photo by Hawaii Tribune-Herald