ဂျွန်နသန်၊နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄
နီပေါနိုင်ငံတွင် မြေပြိုမှုများဆက်တိုက်ဖြစ်ပွား ခဲ့ရာ လူ (၁၂)ဦး သေဆုံးခဲ့ပြီးဘတ်စ်ကား နှစ်စီးမြစ်ထဲထိုးကျမှုကြောင့် (၆၅) ဦး ပျောက်ဆုံးလျက်ရှိကြောင်း UNI ကသတင်းဖော်ပြသည်။
နီပေါနိုင်ငံရှိ ခရိုင်(၃)ခု တွင်ဇူလိုင် (၁၁) ရက် ညပိုင်း နှင့် ဇူလိုင်(၁၂)ရက် နံနက်ပိုင်း က မိုးများအဆက် မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုများဆက်တိုက်ဖြစ်ပွား ခဲ့ရာ လူ (၁၂)ဦး သေဆုံးခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားနှစ်စီး သည်Trishuli မြစ်ထဲသို့ထိုးကျခဲ့သဖြင့် (၆၅) ဦး ပျောက်ဆုံးလျက် ရှိကြောင်းရဲတပ်ဖွဲ့ ကပြောဆိုသည်။
"ခုချိန်ထိခရိုင်သုံးနေရာကနေ လူသေအလောင်း (၁၁) လောင်းကို ကျွန်တော်တို့ရှာဖွေ တွေ့ရှိ ထားပါတယ်။ Madi နယ်မှာလည်း နောက်ထပ် တစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်"ဟု Kaski ခရိုင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Basant KumarSharma ကပြောကြားသည်။
မြေပြိုမှုကြောင့်ခရီးသည်တင်ဘတ်စ်ကားနှစ်စီး သည် Trishuli မြစ်ထဲသို့ ထိုးကျခဲ့ပြီး အိန္ဒိယ နိုင်ငံသား(ရ)ဦးအပါအဝင် ခရီးသည် (၆၅)ဦး ပျောက်ဆုံးနေပြီးခတ္တမန္ဒူ-ဘာရတ်ပူ ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်းဒေသခံရဲတပ်ဖွဲ့ကပြောကြားသည်။
"ဘတ်စ်ကားနှစ်စီးစလုံးTrishuli မြစ်တွင်းထဲကို ထိုးကျသွားခဲ့ပါ တယ်။ ရေငုပ်သမားတွေပါဝင်တဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်း ထားပါတယ်" ဟု Rautahat ခရိုင်ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ BheshRaj Rijal က ပြောကြားသည်။
(မြေပြိုမှုကြောင့်)အသက်ဆုံးရှုံးခဲ့ရမှုများအတွက်အထူးဝမ်းနည်းမိကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်းအရှိန်မြှင့်လုပ်ဆောင်ကြရန် လုံခြုံရေးတပ်ဖွဲ့များကိုညွှန်ကြားထားပါကြောင်း နီပေါဝန်ကြီးချုပ် PushpaKamal Dahal ကပြောဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နီပေါနိုင်ငံတွင် ရေကြီးခြင်း၊ ရွှံ့မြေပြိုခြင်းနှင့်မြေပြိုခြင်းများမှာ အများအားဖြင့် ဇွန်လလယ်မှ အောက်တိုဘာလဆန်းပိုင်းအထိမုတ်သုံရာသီအတွင်း အဖြစ်များသည်။
နီပေါနိုင်ငံတွင်ယခု မုတ်သုံရာသီ စတင်ချိန်မှစ၍မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများ၊ မြေပြိုမှုများကြောင့် အနည်းဆုံး လူ (၆၂)ဦး သေဆုံးပြီး(၉၀)ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ (၃၄) ဦး မှာမြေပြိုမှုကြောင့်သေဆုံးခဲ့၇ခြင်းဖြစ်သည်ဟုHindustan Times သတင်းကဖော်ပြသည်။
Source/UNI and Photo/ China Daily