Preview

ကန်သမ္မတဟောင်း ထရန့် မဲဆွယ်စည်းရုံးရေးပွဲအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွား

ဇူလိုင် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :785
နိုင်ငံတကာ သတင်း

(ထရန့်ဘေးကင်းလုံခြုံ)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၄

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် သည် ပန်ဆယ်ဗေးနီးယား (Pennsylvania) တွင် ပြုလုပ်သည့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပွဲဟောပြောနေစဥ်အတွင်း သေနတ်ပစ်ခတ် မှုများဖြစ်ပွားခဲ့သည်။

သေနတ်ပစ်ခတ်သံများထွက်ပေါ်လာ ပြီးနောက် ထရန့် ၏မျက်နှာပေါ်တွင် သွေးများပေကျံနေသည်ကို မြင်တွေ့၇သည်။

အထူးလုံခြုံရေးဝန်ဆောင်မှုဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးကမစ္စတာ ထရန့်သည် ဘေးကင်းလုံခြုံကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် ဇူလိုင်၁၃ရက်ကရွေးကောက်ပွဲစည်းရုံးရေးဟောပြော နေစဥ်အတွင်း သေနတ် ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် အထူးလုံခြုံရေး အဲဂျင့်များကထရန့်ကို ဟောပြောပွဲ စင်မြင့်ထက်မှ၄င်း၏မော်တော်ယာဥ်တန်းဆီ ကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားရခြင်း၏ အရင်းအမြစ် ကို အတိအကျ မသိရသေးသော်လည်း ထရန့်၏ မျက်နှာပြင် တွင် သွေးထွက်သံယိုဖြစ်နေပြီး အထူးလုံခြုံရေးများက ထရန့် ကိုဟောပြောပွဲစင်ပေါ်ကနေခေါ်ဆောင်သွားခဲ့သည်။

သမ္မတဟောင်း ထရန့်သည် စင်ပေါ်က မသွားခင် ၄င်း၏ထောက်ခံသူများကိုလက်သီးလက်မောင်းဆန့် သည့်အမူအရာပြုလုပ်ပြခဲ့သည်။

"သမ္မတဟောင်း ထရန့်နေကောင်းပါတယ်။အခုသူဟာ ဒေသခံဆေးဘက်ဆိုင်ရာဆေးရုံမှာ စစ်ဆေးကုသမှုခံယူနေပါတယ်” ဟုထရန့်၏မဲဆွယ်စည်းရုံးရေးပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်းကပြောကြားခဲ့သည်။

သို့ရာတွင်ထရန့် ဒဏ်ရာရသွားခြင်း ရှိ၊ မရှိနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို စတီဗင်ချောင်းကပြောကြားခဲ့ခြင်းမရှိပေ။

၄င်းအပြင်ထရန့်၏ ရွေးကောက်ပွဲစည်းရုံး ဟောပြော ပွဲသို့ တက်ရောက်လာကြသူများ ထိခိုက် မှု ရှိမရှိနှင့် ပတ်သက်၍ တာဝန်ရှိသူများက လည်း ပြောကြားခြင်း မရှိပေ။ သေနတ် ပစ်ခတ်မှု ဖြစ်ပွား၇ခြင်း အသေးစိတ်အခြေအနေကိုတော့ မကြာမီ သတင်း ထုတ်ပြန်မည်ဟုဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.