တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အစ္စရေး လေကြောင်းမှ အယ်လ်မာဝါစီ ဒုက္ခသည်စခန်းကို တိုက်ခိုက်ရာတွင် အနည်းဆုံး လူ (၉၀) သေဆုံးပြီး (၃၀၀)ကျော် ဒဏ်ရာရခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 645

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၄

ဂါဇာတောင်ပိုင်းရှိ အယ်လ်မာဝါစီ ဒုက္ခသည်စခန်းကို အစ္စရေးကလေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ (၉၀ )သေဆုံးပြီး (၃၀၀)ကျော် ဒဏ်ရာရခဲ့ကြောင်း အယ်လ်ဂျာဇီးရားသတင်းက ဖော်ပြသည်။

ဂါဇာတောင်ပိုင်းရှိ Khan Younis အနောက်ဘက်တွင် တည်ရှိသော “ဘေးကင်းဇုန်” အဖြစ် သတ်မှတ်ထားသော အယ်လ်မာဝါစီဒုက္ခသည်စခန်း ကို စနေနေ့(ဇူလိုင်၁၃ရက်)တွင် အစ္စရေးက တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက် ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်အဆိုပါ လေကြောင်းမှ တိုက်ခိုက်မှုဖြစ်ပွားရခြင်းမှာ အရပ်သားများကြားတွင် ပုန်းအောင်းခိုလှုံနေသည့် ဟားမတ်စ်အဖွဲ့မှ ထိပ်တန်း အကြီးအကဲ နှစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားသည်။

အစ္စရေး၏ ပြောကြားချက်သည် မှားယွင်းကြောင်း ဟားမတ်စ် တို့က ငြင်းဆိုလိုက်ပြီး ယခုကဲ့သို့ တိုက်ခိုက်မှုသည် ထိတ်လန့် တုန်လှုပ်ဖွယ်ရာဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖုံးကွယ်သည့် နည်းလမ်းတစ်ခုသာဖြစ်ကြောင်းဟားမတ်စ် အဖွဲ့က ပြန်လည်တုန့်​ပြန်ပြောဆိုသည် ။

အစ္စရေးကလေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ ရွက်ဖျင်တဲများပြိုကျပျက်ဆီးခဲ့ရပြီး သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေ ကြောင်း အဆိုပါဒေသတွင် ခိုလှုံနေကြသော ရွှေ့ပြောင်းနေထိုင်သူများက ပြောဆိုသည်။

အဆိုပါ အစ္စရေးတို့၏လေကြောင်းမှ တိုက်ခိုက်ခဲ့သော အယ်လ်မာဝါစီဒုက္ခသည်စခန်းသည် လူနေထူထပ်ပြီး လူ ၈၀,၀၀၀ ခန့် ခိုလှုံနေသည်ဟု သိရသည်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကလည်း အရပ်သား (၉၀) ထက်မနည်း သေဆုံးခဲ့ရပြီး (၃၀၀)ကျော် ဒဏ်ရာရခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

 Source and Photo/Aljazeera

ဆက်စပ် သတင်းများ