ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

အိုမန် တွင် ဗလီတစ်ခုအနီးပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးထက်မနည်းသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 503

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

အိုမန်နိုင်ငံ၊ ဝါဒီအယ်လ်ကာဗီးယား ရှိ (Shiite mosque) ဗလီ အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးထက် မနည်းသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း အိုမန်ရဲတပ်ဖွဲ့က ဇူလိုင်(၁၆)ရက်တွင် ပြောကြားခဲ့သည်။

"တော်ဝင်အိုမန်ရဲတပ်ဖွဲ့ရဲ့ ကနဦးရရှိထားတဲ့ သတင်းအရ ဝါဒီအယ်လ်ကာဗီးယားဒေသမှာရှိ တဲ့ ဗလီတစ်ခုအနီးတစ်ဝိုက်မှာ ပစ်ခတ်မှုများဖြစ်ပွားခဲ့လို့ လူ ၆ ဦးသေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်" ဟု တော်ဝင်အိုမန်ရဲတပ်ဖွဲ့၏ X လူမှုကွန်ရက်တွင်ရေးသား ဖော်ပြထားသည်ကိုတွေ့ရသည်။

လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးအစီအမံများအားလုံးကို လုပ်ဆောင်ပြီးစီးပြီ ဖြစ်ကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားရခြင်း နှင့်ဆက်စပ်သည့် အထောက်အထားများကို စုဆောင်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဆောင်ရွက် ပြီးစီးနေပြီဟုတော်ဝင်အိုမန်ရဲတပ်ဖွဲ့က ဆက်လက် ပြောကြားခဲ့သည်။

သို့သော်မည်သည့်အတွက်ကြောင့်ပစ်ခတ်မှုဖြစ်ပွားရသည်ဆိုသည့်အသေးစိတ်ကိုမူအိုမန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခြင်းမရှိခဲ့သလို တိုက်ခိုက်မှုအတွင်း သံသယရှိသူကို လည်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

သို့သော် DW ၏ သတင်းတွင်  ၎င်းပစ်ခတ်မှုကို IS အဖွဲ့က ပြုလုပ်ကြောင်း ၎င်းအဖွဲ့က ဝန်ခံ ပြောကြားထားပြီး သေဆုံးသူ ၆ ဦးအထဲတွင် ပါကစ္စတန်နိုင်ငံသား ၄ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသားများအနေဖြင့်အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာမှ ခပ်ဝေးဝေးတွင် နေကြ ရန် အိုမန်နိုင်ငံရှိ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ခဲ့သည်။ Source/Times of India and DW

ဆက်စပ် သတင်းများ