Preview

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများကြောင့် သေဆုံးသူ (၃၂)ဦးအထိ ရှိလာပြီး လူပေါင်း ရာနှင့်ချီ ဒဏ်ရာရ

ဇူလိုင် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1486
နိုင်ငံတကာ သတင်း

(နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနပိုင် အဆောက်အအုံကို ကျောင်းသားများ မီးရှို့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင်၁၉/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများနှင့် အကြမ်းဖက်မှုများမြင့်တက်ခဲ့ရာ ဇူလိုင်လ(၁၈)ရက်အထိ သေဆုံးသူ (၃၂)ဦးအထိ ရှိလာပြီး လူပေါင်း ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်းသိ၇သည်။

ဘင်္ဂလားဒေ့ရှ်တွင်နိုင်ငံအနှံ့ ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှုများ ဆက်လက် မြင့်တက်လာခဲ့ပြီး ဇူလိုင်လ(၁၈)ရက်တွင် လူ (၁၃) ဦး သေဆုံးခဲ့ရာ ယခုသီတင်းပတ်အတွင်းသေဆုံးသူ(၃၂) ဦးထက်မနည်း ထိရှိလာကြောင်း India TV ကသတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုတာ စနစ်ဖြင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့်မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ ရာ ဇူလိုင်(၁၈)ရက်နေ့သည်အဆိုးရွားဆုံးနေ့ဖြစ်ပြီး ဒါကာတွင် နောက်ထပ် လူ (၁၃) ဦး သေဆုံးခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ ကို ငြိမ်သက်သွားရန်ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြားခဲ့ပြီးနောက်တစ်ရက်အကြာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနပိုင် အဆောက်အအုံ တစ်ခုကို ကျောင်းသားများကမီးရှို့လိုက်သည့်အတွက် ဇူလိုင်(၁၈)ရက် နေ့တွင် အကြမ်းဖက်မှုများပြင်းထန်လာခဲ့ခြင်းဖြစ်သည်။


သေဆုံးခဲ့ရသူများတွင် ရင်ဘတ်တွင် ကျည်ဆန် ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့်ဘတ်စ်ကားယာဉ်မောင်းတစ်ဦး၊ ဆိုက်ကား(လန်ချား)ဆွဲသူနှင့် ကျောင်းသားသုံးဦးတို့ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ရိုက်တာသတင်းသို့ ပြောကြားခဲ့သည်။

ဇူလိုင်(၁၈)ရက်တစ်ရက်တည်းသေဆုံးသူအများဆုံးဖြစ်ရပ် အပါအဝင် ယခုသီတင်းပတ်အတွင်း လူပေါင်း(၃၂)ဦးထက်မနည်း သေဆုံးခဲ့ရသည့် မငြိမ်မသက်မှုများကို နှိမ်နင်းရန် အတွက်အာဏာပိုင်များက မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုအချို့ကို ဖြတ်တောက်ခဲ့သည်ဟုဆိုသည်။

ဆန္ဒပြလူအုပ်စုကြီးသည် မော်တော်ယာဉ်များ၊ ရဲကင်းစခန်းများနှင့် အခြားအဆောက်အအုံများကိုမီးရှို့ဖျက်ဆီး နေခြင်း ကို ရဲများက မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်ဆန်များဖြင့်ပစ်ခတ် ဖြိုခွင်းခဲ့ရာ လူပေါင်း ရာနှင့်ချီ ဒဏ်ရာ၇ခဲ့ကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည်ရွေးကောက်ပွဲတွင်တဖန် ပြန်လည် ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း လူငယ်များကြား အလုပ်လက်မဲ့မြင့်မားလာမှုကိုအကြီးအကျယ် ရင်ဆိုင်နေ၇သည်။

ယခုကဲ့သို့တစ်နိုင်ငံလုံးတွင် အကြီးမားဆုံး ဆန္ဒပြမှုနှင့် အကြမ်းမှုများ ဖြစ်ပွားရခြင်းသည် လူငယ်များ အလုပ်လက်မဲ့ မြင့်မားမှုကြောင့်ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး နိုင်ငံ၏လူဦးရေ သန်း( ၁၇၀ )၏ငါးပုံတစ်ပုံနီးပါးသည် အလုပ်လက်မဲ့ဖြစ်နေရခြင်း နှင့် ပညာရေးသင်ယူမှု အခွင့်အလမ်းများ မရရှိမှုများနှင့် အကြီးအကျယ်ရင်ဆိုင်ကြုံတွေ့နေ၇သည်။

ထို့အပြင် ဆန္ဒပြသူများသည် ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးအတွက် စစ်ပွဲတွင်ပါဝင် တိုက်ပွဲဝင်ခဲ့ကြသည့် မိသားစုများအတွက် အစိုး၇အလုပ်များ၏ ၃၀ရာခိုင်နှုန်းသော အလုပ် နေရာများကို ပေးအပ်ရန် အစိုးရအား တောင်းဆိုလျက်ရှိနေကြောင်း သိ၇သည်။Source/India TV and Photo by Somoy News

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.