Preview

နီပေါတွင် လေယာဉ်ပျက်ကျ၊ လူ (၁၈) ဦး သေဆုံးပြီး လေယာဉ်မှူးတစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်

ဇူလိုင် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :659
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊နိရဉ္စရာ၊ ဇူလိုင် ၂၄/ ၂၀၂၄

နီပေါတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ (၁၈) ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူးတစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်ခဲ့ ကြောင်း India Today ကသတင်းဖော်ပြသည်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူ ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဥ်အမှုထမ်းအပါအဝင် လူ (၁၉)ဦးလိုက်ပါလာသော Saurya လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဇူလိုင်(၂၄)ရက်က ပျက်ကျခဲ့ခြင်းဖြစ် ကြောင်းသိ၇သည်။

Saurya လေကြောင်းလိုင်းမှ လေယာဉ် 9N-AME (CRJ200)သည် Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ စတင် ပျံတက်စဉ်အတွင်းပျက်ကျခဲ့ခြင်းဖြစ်ပြီး တွဲဖက်လေယာဉ်မှူး အပါအဝင် (၁၈)ဦးသေဆုံးခဲ့ကာ ၊ အသက် (၃ရ) နှစ်အရွယ် လေယာဉ်မှူး Manish Shakya တစ်ဦးသာ လွတ်မြောက်ခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူအများစုမှာလေကြောင်းလိုင်း၏နည်းပညာဆိုင်ရာ ဝန်ထမ်းများဖြစ်ကြောင်းTribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ပြန်ကြားရေးအရာရှိ Gyanendra Bhul က ပြောကြားခဲ့သည်။

လေယာဥ်မှူးShakyaကို လေယာဥ် အပျက်အစီးများကြားမှကယ်ဆယ်နိုင်ခဲ့ပြီး ဆေးဝါး ကုသမှုခံယူရန်အတွက် ၄င်းအား Sinamangalရှိ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။

သေဆုံးသူများထဲတွင်Saurya လေကြောင်းလိုင်း၏ နည်းပညာရှင် ဖြစ်သူ Manu Raj Sharma ၏ ဇနီးနှင့်ကလေးတို့လည်းပါဝင်ခဲ့သည်။

မျက်မြင်သက်သေများ၏ပြောကြားချက်အရ အဆိုပါ လေယာဉ်သည် လေယာဥ်ပြေးလမ်း၏ တောင်ဘက်အစွန်ဆုံးလမ်းကြောင်း မှပျံတက်သွားပြီးမကြာခင် ညာဘက်ကို ယိမ်းထိုးသွားကာ လေယာဉ်၏တောင်ပံထိပ်ဖျားသည် မြေပြင်ကိုထိမှန်သွားပြီး လေယာဉ် ပြေးလမ်း၏ အရှေ့ဘက်ခြမ်းသို့ထိုးကျ သွားကျခဲ့ကြောင်းခတ္တမန္ဒူပို့စ် သတင်းတွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျပြီးနောက်ချက်ချင်းဆိုသလို လေယာဉ်သည် ပေါက်ကွဲ ကာမီးလောင်သွားပြီး လေယာဉ်ပေါ်မှမီးခိုးငွေ့များ ထွက်လာသည်ကို တွေ့ရ ကြောင်း၊ ယင်းနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများရောက်ရှိလာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

နီပေါပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Saurya လေကြောင်းလိုင်းမှ လေယာဉ်သည် လေယာဉ်အမှုထမ်းနှစ်ဦးနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာရှင် (၁ရ)ဦးတို့ကို တင်ဆောင်ကာ Pokhara မြို့သို့ ဦးတည်ပျံသန်းစဉ် ယခုကဲ့သို့ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း လေဆိပ်လုံခြုံရေး အကြီးအကဲ Arjun Chand Thakuri က ပြောကြားခဲ့သည်ဟု Times ofIndia က သတင်းဖော်ပြသည်။

သို့ရာတွင်လေယာဥ် ပျက်ကျရသည့် အကြောင်းရင်းကိုမူ ယခုချိန် ထိ ရှင်းရှင်းလင်းလင်း မသိ၇သေးပေ။ ယခုပျက်ကျခဲ့သောBombardierCRJ-200ERလေယာဉ်ကို၂၀၀၃ခုနှစ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Source/India Today/Times of India

---

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.