အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယတွင် မြေပြိုမှုများဖြစ်ပွားခဲ့၍ သေဆုံးသူ အနည်းဆုံး(၁၅၈) ဦး အထိ ရှိလာခဲ့ပြီး၊လူ (၂၀၀)ကျော် ဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 335

ဂျွန်နသန်၊နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄

အိန္ဒိယတွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ သည် အနည်းဆုံး(၁၅၈) ဦးအထိ ရှိလာခဲ့ပြီး၊လူ (၂၀၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း India Today သတင်းဖော်ပြချက်အရသိရသည်။

အိန္ဒိယနိုင်ငံ ၊Kerala ပြည်နယ်၊ Wayanad ခရိုင် တွင် မိုးကြီးမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၅၈)ဦး သေဆုံးခဲ့ရပြီး ၊လူ (၂၀၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ လူ(၁၈၀) ကျော် သည်လည်း အပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်းအစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဇူလိုင်လ(၃၀)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လေးနာရီအတွင်း Wayanad ဒေသတွင် မြေပြိုမှု သုံးခုဖြစ်ပွားခဲ့ပြီး လူအများအပြား သည် ချာလီယာမြစ်အတွင်း မျောပါသွားခဲ့သည်ဟု ဆိုသည်။

Kerala​ပြည်နယ်၊ Wayanad ဒေသအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းများ ဆိုးရွားစွာပျက်ဆီးနေပြီးအချို့နေရာများတွင်လမ်းများ ပိတ်ဆို့နေသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကိုနှောက်နှေး ကြန့်ကြာစေကြောင်း၊ မြေပြိုမှု (၃) ခု မဖြစ်ပွားမီအချိန်အထိ ၂၄ နာရီအတွင်းKerala ပြည်နယ်တွင် မိုးရေချိန်သည် ၃၇၂ မီလီမီတာ စံချိန်တင်ရောက်ရှိ ခဲ့သည်။


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်အတွင်းရှိ Chooralmala နှင့် Mundakkai ကျေးရွာတို့ ကို ဆက်သွယ်ထားသည့် အဓိကတံတားတစ်စင်း ရေစီးဖြင့် မျောပါသွားခဲ့သည်။

အိန္ဒိယစစ်တပ်သည်Wayanadခရိုင် တွင် ရှာဖွေကယ်ဆယ်ရေးအတွက် ဝန်ထမ်း ၃၀၀ ခန့်ကို တပ်ဖြန့်ထားပြီးလူပေါင်း ၁၀၀၀ ကျော်ကို စစ်တပ် မှ ကယ်ဆယ်နိုင်ခဲ့သည်။

Wayanad ခရိုင်တွင် ကယ်ဆယ်ရေး စခန်း ၄၅ ခု ကို ဖွင့်လှစ်ထားပြီး လူပေါင်း ၃,၀၆၉ ဦး ကို အဆိုပါစခန်းများတွင်လက်ခံ ထားရှိကြောင်းသိရသည်။

အိန္ဒိယ်ကြီးချုပ် မိုဒီ သည် ဇူလိုင်၃၁ရက် နံနက်ပိုင်းတွင် Kerala ပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan နှင့် စကား ပြောဆိုခဲ့ကြပြီး အကူအညီများပေးအပ်ရန်ကိုလည်း အာမခံခဲ့သည်ဟုဆိုသည်။

သေဆုံးသူများ၏မိသားစု၀င်များကို ထောက်ပံ့ငွေ ရူပီး၂ သိန်း၊ ထိခိုက်ဒဏ်ရာရသူများကို ရူပီး (၅၀,၀၀၀) ကို ပေးအပ်မည်ဖြစ် ကြောင်းဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Source/ India Today

 

ဆက်စပ် သတင်းများ