Preview

ဟားမတ်စ် ခေါင်းဆောင် အီရန်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ၊အစ္စရေးကို လက်စားချေမည်ဟု ဟားမတ်စ်အဖွဲ့ ပြောဆို

ဇူလိုင် ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :722
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄ (နိုင်ငံတကာ)

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh သည် ဇူလိုင်(၃၁)ရက်က အီရန်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် အစ္စရေးကို လက်စားချေမည်ဖြစ်ကြောင်း ဟားမတ်စ် အဖွဲ့ကပြောကြားခဲ့သည်ဟု အေပီ သတင်းဖော်ပြချက်အရသိ၇သည်။

ဟားမတ်စ်ခေါင်းဆောင်Ismail Haniyeh သည် အီရန်သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ခဲ့ ပြီးနောက် အီရန်နိုင်ငံ၊တီဟီရန်မြို့ တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း အီရန်နှင့်စစ်သွေးကြွအုပ်စုတို့ က ဇူလိုင်လ(၃၁)ရက် တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်ခေါင်းဆောင်အားလုပ်ကြံ သတ်ဖြတ်ခဲ့မှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း မည်သူတစ်ဦးကမှချက်ချင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ယခုဖြစ်ရပ်သည် အစ္စရေးတို့၏လက်ချက်ပင်ဖြစ် သည်ဟုဟားမတ်စ်တို့ကဆိုသည်။

ဟားမတ်စ်တို့သည် ယမန်နှစ် အောက်တိုဘာလ(ရ)ရက်က အစ္စရေးနိုင်ငံ တောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာလူပေါင်း (၁၂၀၀) သေဆုံးခဲ့ပြီး ဓားစာခံ( ၂၅၀)ခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့်ဖြစ်ရပ်အပေါ်အစ္စရေးက ဟာနီယေးနှင့်ဟားမတ်စ်အဖွဲ့မှခေါင်းဆောင်များကို သတ်ဖြတ်ပစ်မည်ဟု ပြောဆိုထားသည့်အတွက်ယခုဖြစ်ရပ်သည် အစ္စရေးတို့၏လက်ချက်ပင်ဖြစ် သည်ဟု ဟားမတ်စ်အဖွဲ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့ရာတွင်အစ္စရေးက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

ဟားမတ်စ်ခေါင်းဆောင်IsmailHaniyeh နှင့်၄င်း၏ ကိုယ်ရံတော် တပ်မှူး တစ်ဦးလည်းသေဆုံးသွားခဲ့ကြောင်းယခု ဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းအီရန်တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ကပြောကြားသည်။

ဟားမတ်စ်ခေါင်းဆောင်Ismail Haniyeh နှင့် ဟစ်စ်ဘိုလာ တပ်မှူးတစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံရမှုကို အီဂျစ်က ရှုတ်ချလိုက်ပြီး၊ ယခုဖြစ်ရပ်သည်အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲအတွက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကိုလည်းပိုမိုရှုပ်ထွေးသွားစေကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကကြေညာချက် ထုတ်ပြန်ခဲ့သည်။ Source/AP

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.