ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁/၂၀၂၄
အရှေ့အလယ်ပိုင်းတွင်တင်းမာမှုများသည် အန္တရာယ်ကြီးထွားလာနေကြောင်း ကုလအတွင်းရေးမှူးချုပ် က ဇူလိုင်(၃၀)ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။
အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန်ကုန်းပြင်မြင့် ရှိဘောလုံးကွင်းတစ်ကွင်းကိုဇူလိုင်(၂ရ)ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦး သေဆုံးခဲ့၇ပြီး အများစုမှာ ကလေးများနှင့် ဆယ်ကျော်သက်များဖြစ်ကြသည်။
ယင်းတိုက်ခိုက်မှုအပြီးရက်ပိုင်းအကြာ ဇူလိုင်(၃၀)ရက်၊ နံနက်ပိုင်းက ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh သည် တီဟီရန်တွင် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အဆိုပါသတင်းများကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ကြီးထွားလာမှု မဖြစ်ပွားရ အောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ဇူလိုင်(၃၀)ရက်က အထက်ပါအတိုင်း တိုက်တွန်းပြောကြားလိုက်သည်ဟု UNNews ကသတင်းဖော်ပြချက်အရ သိ၇သည်။
တောင်ပိုင်းဘေရွတ်နှင့် တီဟီရန်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ဂါဇာတွင် အပစ်အခတ် ရပ်စဲရေး၊ အစ္စရေးဓားစာခံအားလုံးကို လွှတ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများတိုးမြင့်ရေးစသည့် ကြိုးပမ်းမှုအားလုံးကိုထိခိုက်စေကြောင်း၊ ဂါဇာကမ်းမြှောင် တွင် အပစ်အခတ်ရပ်စဲရေးကို ဦးတည်သင့်သည့် အခိုက်အတန့်တွင်ယခုကဲ့သို့ အန္တရာယ်များ ကြီးထွားလာမှုကို ဝိုင်းဝန်းဟန့် တားကြဖို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်း ပြောဆိုခဲ့သည်။
“အရပ်သားတွေကို ဆိုးဆိုးရွားရွား ထိခိုက်မှုတွေခံစားရအောင်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို အစွန်းရောက်အောင် တွန်းပို့မယ့် လုပ်ရပ်မှန်သမျှကို နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံး တားဆီးဟန့်တားကြဖို့ ကျွန်တော်တို့ အတူတကွပူးပေါင်း လုပ်ဆောင်ရပါမယ်”ဟုကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေး ပြောကြားခဲ့သည်။ Source/ UN News and Photo by Amnesty International