ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ်၁/၂၀၂၄ ( နိုင်ငံတကာ)
ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနား သို့တက်ရောက်နေသည့် ဆူဒန်နိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan သည် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့၇ကြောင်း အေပီ သတင်းက ဖော်ပြသည်။
ဆူဒန်နိုင်ငံ၏ အရှေ့ဘက်Gebeit မြို့၌ဇူလိုင်လ(၃၁)ရက်က ပြုလုပ်သည့် ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနားပြီးဆုံးပြီးနောက်တွင်ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့၇ခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ကြီး Abdel-Fattah Burhan မှာ ထိခိုက်မှုမရှိဘဲလွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့၇ကြောင်း ဆူဒန်စစ်တပ်မှပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Hassan Ibrahim က ပြောကြားသည်။
Al Araby TV မှ ပြသ သည့် ဗီဒီယိုဖိုင် တွင် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားချိန်၌ဖုန်ထူ ထပ်သည့် လမ်းပေါ်တွင်လူအများအပြား ပြေးလွှားနေကြသည်ကို မြင်တွေ့၇ပြီး ခြားဗီဒီယိုဖိုင်များတွင် လူအများက ကောင်းကင်ကိုမော့ကြည့် နေကြသည့်မြင်ကွင်းကိုတွေ့၇သည်။
ဆူဒန်နိုင်ငံ၊အရှေ့ပိုင်းရှိ Gebeit တွင် ပထမဆုံးသော ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့၇မှုအတွင်းမိမိတို့ လက်ချက်ဖြစ်ကြောင်း မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
သို့ရာတွင်အဆိုပါဒရုန်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းကို အရံ အမြန် ထောက်ပံ့ရေးတပ်ဖွဲ့(RSF)ကကြေညာချက် ထုတ်ပြန်ထားသည်။
ဆူဒန်တွင်၂၀၂၃ ခုနှစ် ဧပြီလကတည်းက ဆူဒန်တပ်မတော် (SAF) နှင့်အရံအမြန်ထောက်ပံ့ရေး တပ်ဖွဲ့(RSF)တို့အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ (၁၆၆၅၀)ဦးသေဆုံးခဲ့ကြောင်း ၊ ထို့အတူ ခန့်မှန်းခြေလူ (၁၀.၇) သန်းသည် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေကြ၇ပြီးအခြား (၂.၂) သန်းခန့်သည် အိမ်နီးချင်းနိုင်ငံများတွင်ခိုလှုံနေကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ဇူလိုင်လ(၂၉)ရက်တွင် ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။ Source/AP & Xinhua