အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ဆန္ဒပြမှုများအတွင်း အနည်းဆုံးကလေးငယ် (၃၂) ဦးသေဆုံးခဲ့ဟု UNICEF ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 545

ဂျွန်နသန်၊နိရဉ္စရာ၊ ဩဂုတ် ၃/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း အနည်းဆုံးကလေးငယ် (၃၂) ဦးသေဆုံးခဲ့ပြီး၊ အများအပြားလည်းဒဏ်ရာများရရှိကာ၊ ထိန်းသိမ်းခံခဲ့ရကြောင်း UNICEF မှ သတင်းထုတ်ပြန်သည်။

" ဒါဟာ အင်မတန်မှ ဆိုးရွားလှတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။ UNICEF က အကြမ်းဖက်မှု လုပ်ရပ်အားလုံးကို ရှုတ်ချပါတယ်။ သားသမီးများ ဆုံးရှုံးခဲ့ရတဲ့ မိသားစုများထံ ဝမ်းနည်းကြေကွဲရပါ ကြောင်း ယူနီဆက်ဖ်ကိုယ်စား၊ပြောကြားလိုပါတယ်” ဟု UNICEFမှ တောင်အာရှ ဒေသဆိုင်ရာ ဒါရိုက်တာ Sanjay Wijesekera က ပြောဆိုခဲ့သည်။

သြဂုတ်လ(၂)ရက်က ခေတ္တမန္ဒူတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြထားသည်။

၄င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ပတ်ကြာနေထိုင်ခဲ့ပြီး ခေတ္တမန္ဒူသို့ ပြန်လည်ရောက်ရှိစဥ် မကြာသေးမီကဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့်ပဋိပက္ခများသည် ကလေးငယ်များ အပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်းအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

၄င်းသည် အစိုးရ၊ UNICEF မိတ်ဖက်အဖွဲ့အစည်းများ၊ လူငယ်များနှင့် လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ရာတွင် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်သည် ကလေးသူငယ်များ၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ငြိမ်းချမ်းစွာစုဝေးခွင့်တို့ကို အသိအမှတ်ပြုထားကြောင်း ၄င်းက အလေးပေးပြောကြားခဲ့သည်။

"ကလေးတွေကို အချိန်တိုင်း အကာအကွယ်ပေးရမယ်။ ဒါ လူတိုင်းမှာ တာဝန်ရှိတယ်” ဟု ၄င်းကဆက်လက် ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လွန်ခဲ့သည့် ၃၄ နှစ်က ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

"ကလေးများနှင့် လူငယ်များသည် ဘင်္ဂလားဒေ့ရှ်၏ အနာဂတ်ဖြစ်သည်"ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ Source/The Daily Star and Photo by Open democracy

ဆက်စပ် သတင်းများ