အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အီရန် က အစ္စရေးကို တိုက်ခိုက်လာနိုင်သည့်အတွက် အမေရိကန်က စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ကို အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၃/၂၀၂၄ (နိုင်ငံတကာ)

အီရန်က အစ္စရေးကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိနေသည့်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အမေရိကန်သည် ၄င်း၏စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်ထားကြောင်း ပင်တဂွန်၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်က အစ္စရေးအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေစဉ်အတွင်း တိုက်ခိုက်မှုများမဖြစ်ပွားလာမီ အမေရိကန်က ၄င်း၏တပ်ဖွဲ့ဝင်များ ကို အရှေ့အလယ်ပိုင်း ဒေသတွင်းသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်းAxios သတင်းကဖော်ပြသည်။

တီဟီရန်ရှိ စစ်သွေးကြွခေါင်းဆောင်များကို သတ်ဖြတ်ခဲ့မှုအတွက် အစ္စရေးအား လက်စားချေမည်ဟု အီရန်က ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ပင်တဂွန်သည် မကြာသေးမီရက်များအတွင်း စစ်သင်္ဘောအများအပြားကိုလည်း ပြောင်းရွှေ့နေရာချထားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက တီဟီရန်တွင် ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို တိုက်ခိုက်မည်ဟု ဘိုင်ဒန် အစိုးရ(အမေရိကန်) က ယုံကြည်နေသည့်အတွက် ယခုကဲ့သို့ တန်ပြန်တိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်မှုများလုပ်ဆောင် နေခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိများ က Axios သို့ အတည်ပြု ပြောကြားခဲ့သည်။


အစ္စရေးသည် ဘေရွတ်နှင့် တီဟီရန် တို့တွင် လုပ်ကြံသတ်ဖြတ်မှုများကို ဆက်တိုက် ပြုလုပ်နေပြီး အီရန်ကလည်း အစ္စရေးကိုပြန်လည်လက်စားချေ တိုက်ခိုက်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် အတွက် အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ပွဲများ အဖြစ်သို့ ရောက်ရှိမလာအောင် ဘိုင်ဒန်(အမေရိကန်) အစိုးရက တားဆီးရန် ကြိုးစားနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေသန်ယာဟု တို့သည် သြဂုတ်(၁)ရက်တွင် ဖုန်းဖြင့် စကားပြောဆိုစဉ် ဘိုင်ဒန်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ ကာကွယ်ရေးတပ် တွေကိုတိုးချဲ့ဖြန့်ကျက်ချထားဖို့၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေအပါအဝင် ခြိမ်းခြောက်လာမှု များအပေါ် အစ္စရေးရဲ့ ကာကွယ်ရေးဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်နေ မှုတွေပေါ်မှာ သမ္မတဘိုင်ဒန် က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန်ဥရောပ ကွပ်ကဲရေးဌာနချုပ်နှင့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ်ရှိရာ ဒေသများသို့ ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တားသည့်စနစ်ပါရှိသည့် ခရူဇာ(လေယာဥ်တင်သင်္ဘော)များနှင့် ဖျက်သင်္ဘောများကို ထပ်မံစေလွှတ်ရန် ကာကွယ်ရေးဝန်ကြီး အော်စတင်က အမိန့်ပေးခဲ့သည်။


အရှေ့အလယ်ပိုင်းဒေသတွင် တွင် နောက်ထပ် တိုက်လေယာဉ်တပ်စုတစ်ခု ဖြန့်ကျက်ချထားရန် လည်းအော်စတင်က အမိန့်ပေးခဲ့သည်ဟုပင်တဂွန်က ပြောဆိုသည်။

အရှေ့အလယ်ပိုင်း ဒေသတွင်းတွင် လက်ရှိတပ်စွဲထားသည့် USS Theodore Roosevelt Carrier Strike Group အစား USS Abraham Lincoln Carrier Strike Group ဖြင့် အစားထိုးရန်ကာကွယ်ရေးဝန်ကြီး အော်စတင် မှ အား အမိန့်ပေးခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

“ဌာနအနေနဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်တွေ ထပ်မံတိုးချဲ့ချထားဖို့ အသင့်ဖြစ်နေပါ ပြီ” ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ Source/AXIOS

ဆက်စပ် သတင်းများ