အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

(ဘင်္ဂလားဒေ့ရှ် နောက်ဆက်တွဲသတင်း) စစ်တပ်ကနိုင်ငံကို ယာယီထိန်းချုပ်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးကပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၅/၂၀၂၄

ယမန်နေ့သြဂုတ်လ(၄)ရက်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နုတ်ထွက်ပေးရန် တောင်းဆိုကြသည့် ဆန္ဒပြသူများနှင့်  အာဏာရပါတီကို ထောက်ခံသူများ၊  ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားရာမှ  တစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် (၁၄) ဦး အပါအဝင် လူ (၁၀၀)နီးပါး သေဆုံးခဲ့ပြီးနောက် ယနေ့ သြဂုတ်လ၅ရက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ဒါကာမြို့ ရှိ ဝန်ကြီးချုပ်၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ကြသည်။

၎င်းနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ရာထူးမှ နုတ်ထွက်ကာ ညီမဖြစ်သူနှင့် အတူ တိုင်းပြည်တွင်းမှ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာဆီနာရာထူးကနုတ်ထွက်သွားပြီး၊နိုင်ငံအတွင်းမှထွက်ခွာသွားကြောင်း စစ်တပ်ကနိုင်ငံကို ယာယီထိန်းချုပ်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က စစ်တပ်သည် တိုင်းပြည်၏ အုပ်ချုပ်ရေးကို ယာယီ ထိန်းချုပ်မည်ဖြစ်ကြောင်း CNN-News18 သို့ ပြောကြားခဲ့သည်။

"ရှိတ်ဟာဆီနာ ရာထူးက နုတ်ထွက်ပါပြီ။ သူမ ရာထူးကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်း အချက်အလက်ကို ကျွန်တော် တို့ရထားပါ တယ်။”ဟုဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က CNN-News18 အား သီးသန့်ပြောဆိုခဲ့သည်။

၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သည် ဒါကာမှ ထွက်ခွာသွားပြီး စစ်တပ်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေး အား ယာယီထိန်းချုပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီး ဝန်ကြီး Khan က ယနေ့ (သြဂုတ်လ(၅)ရက်)တွင် ပြောကြားခဲ့သည်။

ဇူလိုင်လကစတင်ပြီး အလုပ်ခွဲတန်းချမှတ်သည့်အပေါ် မကျေနပ်သည့်  နိုင်ငံ အတွင်းဖြစ်ပွားခဲ့သည့် အဓိကရုဏ်း အတွင်း သေဆုံးသူ ဦးရေသည် အနည်းဆုံး လူ ၃၀၀ အထိရှိလာခဲ့သည်။

အခြေအနေကို ထိန်းသိမ်းရန်အတွက် ကာဗျူးထုတ်ပြန်ပြီး စစ်တပ်ကို ဆန္ဒပြသူများကို နှိမ်နှင်းရန် စေလွှတ်ခဲ့သော်လည်း အခြေအနေမှာ ထိန်းမနိုင်သိမ်းမရသည့် အနေအထားသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဝန်ကြီးချုပ် နုတ်ထွက်သွားခဲ့ရကာ တိုင်းပြည်မှ ထွက်ခွာသွားခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းများအရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားသည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိသွားပြီဟု The Hindustan Times ကဖော်ပြချက်အရသိရသည်။

တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဝန်ကြီးချုပ် ရှိတ်ဟာဆီးနား ရာထူးမှ နုတ်ထွက်သွားပြီးနောက် များမကြာမီ ပါတီအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပုံစာ- ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် စစ်ရဟတ်ယာဉ်ဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် (Photo by PTI)

ဆက်စပ် သတင်းများ