အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဆူပူအုံကြွမှုဖြစ်ပွား၊ အကျဉ်းသား (၂၀၉)ဦး ထွက်ပြေး လွတ်မြောက်သွားပြီး( ၆ )ဦး သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 581

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၈/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဂါဇီပူရ်  Kashimpur အကျဉ်းထောင်တွင် ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာအကျဉ်းသား (၂၀၉)ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး (၆)ဦး သေဆုံးခဲ့ကြောင်း BDNews24 ကသတင်းဖော်ပြသည်။

ရှိတ်ဟာဆီနာ ရာထူးမှနှုတ်သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်ရှိ၊ Kashimpur အကျဉ်းထောင်တွင် သြဂုတ်လ(၇)ရက်က ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ၊ အကျဉ်းသား (၂၀၉)ဦး ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီး (၆)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရသိသည်ဟု BDNews24 ကသတင်းဖော်ပြသည်။

ဂါဇီပူရ်ရှိ Kashimpur ဗဟို အကျဥ်းထောင် မှအကျဉ်းသား (၂၀၉)ဦးသည်အကျဥ်းထောင် မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီးနောက် အဆိုပါလွတ်မြောက်လာသူများထဲမှ (၆)ဦးမှာ အခင်းဖြစ်ပွားချိန်တွင် လုံခြုံရေးဝန်ထမ်းများ၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်ဟုဆိုသည်။

အကျဉ်းသားတွေက ထောင်တွင်း ဆူပူလှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ပြီးအခင်းဖြစ်ပွားချိန်မှာ ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်။ အစောင့်တွေက ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ အကျဉ်းသားတွေက ပိုပြီး ကြမ်းတမ်းလာတယ်၊ အကျဉ်းသားတွေက နံရံကို ဖောက်ထွင်း ထွက်ပြေးဖို့ ကြိုးစားကြတယ်။ဟု Subrata က ဆက်လက် ပြောဆိုသည်။

"ဆူပူအုံကြွမှုကို နှိမ်နှင်းဖို့ စစ်တပ်ကို ခေါ်ယူခဲ့ရပြီး အထူး စစ်ဆင်ရေးတွေ လုပ်ခဲ့ရတယ်ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူများ၏ အလောင်းများကို ဂါဇီပူရှ် ရှိ Shaheed Tajuddin Ahmad Medical College ဆေးရုံသို့ ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယင်းနောက် သေဆုံးသူ ဆွေမျိုးများနှင့် Hefazat-e Islam ခေါင်းဆောင်တို့၏ တောင်းဆိုမှုကို ခွင့်ပြုသည့်အနေဖြင့် ရုပ်အလောင်းများကို ညနေပိုင်းမှာ လွှဲပြောင်းပေးခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Source/BDNews24

ဆက်စပ် သတင်းများ