Preview

ဂျပန်တွင် အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခုလှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား၊ လေယာဥ်များဆင်းသက်ပျံသန်းမှုကိုယာယီပိတ်ထားရ

သြဂုတ် ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :854
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၉/၂၀၂၄

ဂျပန်နိုင်ငံတွင်အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခု လှုပ်ခတ်သွားမှုကြောင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားရပြီး၊လျင်ကြောင့် ကြီးကြီးမားမားပျက်ဆီးမှုမရှိကြောင်း၊လေဆိပ်ကိုယာယီပိတ်ထားရေကြာင်းသိ၇သည်။

ပြင်းအား(၆.၉)အဆင့် နှင့် (၇.၁) အဆင့်ရှိသည့်အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခု သည် သြဂုတ်(၈)ရက်က ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျူးရှုးနှင့် ရှီကိုကု ကျွန်းများကို လှုပ်ခတ် သွားခဲ့ကြောင်းသိ၇သည်။

အင်အားအလွန်ပြင်းထန်သည့်မြေ ငလျင်ကြောင့် မီရာဇာကီ၊ ကိုချီ ၊ အိုအိတ ၊ ခကိုရှီးမား၊အီဟိမဲ ဒေသများတွင် အာဏာပိုင်များက ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီးအခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ကျူးရှူး ရှိ မီရာဇာကီစီရင်စုတွင် လှိုင်းလုံးကြီးများကိုတွေ့ရှိထားပြီ ဖြစ်ကြောင်း ကျူးရှူး နှင့် ရှီကိုကု ကျွန်းများရှိ ကမ်းရိုးတန်းဒေသအချို့တွင် ဆူနာမီသည် တစ်မီတာအမြင့် အထိ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မှန်းထားကြောင်း NHK က သတင်း ဖော်ပြချက်အရသိ၇သည်။

အဆိုပါငလျင်သည်မီရာဇာကီ ကမ်းရိုးတန်းမှ မိုင် ၂၀ အောက်အကွာတွင်ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ အေဂျင်စီအရ သိရသည်။ အဆိုပါ အေဂျင်စီ၏အဆိုအ၇ ပြင်းအား (၆.၉)အဆင့် ငလျင်လှုပ်အပြီး၊တစ်မိနစ်အကြာတွင် ပြင်းအား ရစ်ချ်တာစကေး( ၇.၁ )ရှိသော အင်အားအလွန်ပြင်းထန်သည့်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိ၇သည်။

ကျူရှူးရှိနိချိနန်း ရဲချုပ်က အဆိုပါဒေသတွင် မည်သည့် အဆောက်အအုံမျှ ပြိုကျပျက်ဆီးမှု မရှိကြောင်း ရုပ်သံထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။ ၎င်းအပြင် Kyushu Electric Power Company မှ ၎င်း၏နျူကလီးယားဓာတ်အားပေးစက်ရုံများလည်းပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေကြောင်းအတည်ပြုခဲ့သည်။

Shikoku Electric Power ကုမ္ပဏီကအီမဲအိ စီရင်စုရှိ အိကတ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင်တစုံတရာပြဿနာဖြစ်ပွားခြင်း မရှိကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာသည့် စောင့်ကြည့်ရေး စက် များတွင်လည်းကိန်းဂဏန်းများ ပြောင်းလဲမှုမရှိဘဲတည်ငြိမ်နေ ကြောင်း NHK က ဖော်ပြသည်။

ဒေသတွင်းအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မီယာဇာကီ လေဆိပ်တွင် လေယာဥ်များဆိုက်ရောက်/ထွက်ခွာ မှုများကိုလည်းလက်ရှိအချိန်တွင် ဆိုင်းငံ့ထားကြောင်းဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို ကိုးကား၍NHK ကဖော်ပြခဲ့သည်။ Source/NHK and Photo/ Spectrum News

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.