နိရဉ္စရာ၊ ဩဂုတ် ၁၁/ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီးနာကို လိုလားသည့် ဆန္ဒပြသူများနှင့် စစ်တပ် တို့အကြားပဋိပက္ခ ဖြစ်ပွားခဲ့ရာမှစစ်သား(၅)ဦး အပါအဝင်အနည်းဆုံး လူ(ရ)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သုံးယာဉ်တစ်စီးမီးရှို့ခံခဲ့ရကြောင်း The Daily Star သတင်းဖော်ပြချက်အရသိ၇သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊Gopalganj ခရိုင်၌ သြဂုတ်လ(၁၀)ရက်ကဖြစ်ပွား ခဲ့သည့် ဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများနှင့်စစ်တပ် တို့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ၊ ကလေးတစ်ဦးအပါအဝင်ဆန္ဒပြသူ (၂)ဦးနှင့် စစ်သား(၅)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်သုံးယာဉ်တစ်စီးလည်းမီးရှို့ခံခဲ့ရကြောင်း သိ၇သည်။
Gopalganj ခရိုင်တွင် အမှုထမ်းနေသည့် ဗိုလ်မှူး Akikur Rahman Rosad က ၎င်းဖြစ်စဉ်အားအတည်ပြုပြောကြားခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုသတင်းစာရှင်း လင်းပွဲတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
သြဂုတ်လ(၁၀)ရက်၊ညနေ၃နာရီခွဲ ဝန်းကျင်တွင် Gopinathpur ခရိုင်၊Gopinathpur တိုက်နယ်တွင်ရှိသည့် ဘတ်စ်ကားမှတ်တိုင်အနီးတွင် ဆန္ဒပြသူများနှင့် စစ်တပ် တို့အကြားတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Faridpur သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
အဝါမီလိဂ်ပါတီမှထောင်နှင့်ချီသောတက်ကြွလှုပ်ရှားသူများသည် ၄င်းတို့ပါတီ၏ဥက္ကဋ္ဌဖြစ်သူရှိတ်ဟာဆီနာကို နိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ယူပေးရန် ယင်းနေ့ မွန်းလွဲပိုင်းကစီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်ဟုဒေသခံများက ပြောဆိုချက်အရသိ၇သည်။
ယင်းနောက်ဆန္ဒပြသူများသည် ညနေ (၃) နာရီခန့်တွင်Gopalganj ရှိ Dhaka-Khulna အဝေးပြေး လမ်းမကြီးအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ပြီးအဝေးပြေးလမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
Gopalganj တွင်တာဝန်ထမ်းဆောင်နေသည့် စစ်တပ်မှတပ်ဖွဲ့တစ်ခုသည် အဆိုပါ ဆန္ဒပြရာ နေရာသို့ သွားရောက်ချိန်တွင် ဆန္ဒပြသူများနှင့် စစ်သားများ အကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိ၇သည်။
မကြာမီအချိန်အတွင်းပဋိပက္ခများ ပြင်းထန်လာကာအခြေအနေကို ထိန်းသိမ်းရန်အတွက် စစ်တပ်မှ အရာရှိများက ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းရန်တွန်းအားပေးခဲ့သည်ဟုသိ၇သည်။
ပဋိပက္ခအတွင်းဆန္ဒပြသူများနှင့် စစ်တပ် တို့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးတစ်ဦး အပါအဝင် ဆန္ဒပြသူ (၂)ဦးနှင့်စစ်သား(၅)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်သုံးယာဉ် တစ်စီး လည်းမီးရှို့ခံခဲ့၇ကြောင်းဗိုလ်မှူး Rosad ကပြောဆိုခဲ့သည်။ Source/The Daily Star