(ပိတ်ပွဲအခမ်းအနား ကျင်းပ၊ဟောလီဝုဒ်ကြယ်ပွင့်တွမ်ခရုစ် တက်ရောက်)
ဂျွန်နသန်၊ ဩဂုတ် ၁၂/၂၀၂၄
၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ဇူလိုင်လ (၂၆)ရက်မှ သြဂုတ်လ (၁၁)ရက်နေ့အထိ ကျင်းပခဲ့ပြီး၊အမေရိကန်က ဆုတံဆိပ်အများဆုံးဖြင့် အဆင့်(၁)နေရာတွင် ရပ်တည်ခဲ့သည်။
၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) အဖွဲ့ဝင်(၂၀၆)နိုင်ငံမှ ရုရှားနှင့် ဘီလာရုစ် တို့မှလွဲ၍နိုင်ငံ ပေါင်း ၂၀၄ နိုင်ငံ ကဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ရုရှားကယူကရိန်းကို ကျူးကျော်မှုအပြီးတွင်၊ အိုလံပစ်စည်းမျဥ်းကို ချိုးဖောက်သည့်အတွက်IOC သည် ရုရှားနှင့် ဘီလာရုစ်၏အိုလံပစ်ကော်မတီများကို ဆိုင်းငံ့ထားသည်။
မြောက်ကိုရီးယားသည်၂၀၂၄ ခုနှစ်တွင် အိုလံပစ် အားကစားပြိုင်ပွဲသို့ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၂၀၄ နိုင်ငံ က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး အားကစား (၃၂)မျိုး၊ ပွဲစဉ်ပေါင်း (၃၂၉) ပွဲပါဝင်ခဲ့သည်။
တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးသည်ရွှေတံဆိပ် (၄၀)စီ ရရှိခဲ့ကြပြီး အမေရိကန်ကဆုတံဆိပ်စုစုပေါင်းတွင်တရုတ်ထက်ပိုမိုရရှိခဲ့သဖြင့် အဆင့်(၁)နေရာတွင်ရပ်တည်ခဲ့သည်။
အမေရိကန်က ရွှေတံဆိပ် ၄၀၊ ငွေတံဆိပ် ၄၄၊ ကြေးတံဆိပ် ၄၂ ဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၂၆ ဆုဖြင့် အဆင့်(၁)၊ တရုတ်နိုင်ငံက ရွှေ ၄၀၊ ငွေ ၂၇၊ ကြေး ၂၄ စုစုပေါင်း ၉၁ ဆုဖြင့် အဆင့်(၂)၊ ဂျပန်နိုင်ငံသည်ရွှေ ၂၀ ငွေ ၁၂ ကြေး ၁၃ စုစုပေါင်းဆုတံဆိပ်၄၅ ခုဖြင့်အဆင့်(၃)ဖြင့် ရပ်တည်ခဲ့သည်။
ဩစတြေးလျသည်ရွှေ၁၈ ငွေ ၁၉ ကြေး ၁၆ စုစုပေါင်း ဆုတံဆိပ် ၅၃ ခုဖြင့်အဆင့်(၄)၊ အိမ်ရှင်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံသည် ရွှေ၁၆ ငွေ ၂၆ ကြေး၂၂ စုစုပေါင်း ဆုတံဆိပ်ပေါင်း ၆၄ ခုဖြင့်အဆင့် ၅ ဖြင့်သာကျေနပ်ခဲ့၇သည်။
အိုလံပစ်အားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားကို သြဂုတ်လ၁၁ရက်က ကျင်းပခဲ့ပြီးအိုလံပစ် အားကစားပွဲအလံကို ၂၀၂၈ နွေရာသီ အိုလံပစ်အားကစားပွဲကို လက်ခံကျင်းပမည့် လော့အိန်းဂျလိစ် မြို့တော် ဝန်ထံ လွှဲပြောင်းပေးခဲ့သည်။
ဟောလိဝုဒ်ကြယ်ပွင့်တွမ်ခရုစ် သည် Mission Impossible ရုပ်ရှင်အတိုင်း အားကစားရုံအမိုးပေါ်မှ ဆင်းသက်လာပြီး အိုလံပစ်အလံကိုLA မြို့တော်ဝန်ဆီကနေ လက်ဆင့်ကမ်းလှမ်းယူခဲ့သည်။
ယင်းနောက်အားကစားရုံကြီးကနေ ဆိုက်ကယ်ဖြင့်ထွက်ခွာပြီးအမေရိကန်ပြည်ထာင်စု L.A မြို့ဆီအိုလံပစ်အလံ သယ်ဆောင်လာသည့် ဇာတ်ဝင်ခန်းပုံစံရိုက်ကူးလွှင့်ထုတ်သွားခဲ့သည်။
အိုလံပစ်အားကစားအလံကိုအမေရိကန်ပြည်ထောင်စု L.A ကို လွှဲပြောင်းလိုက်သည့် တင်ဆက်မှုသည် အံ့သြရင်သပ်ဖွယ်ရာတင်ဆက်မှုတစ်ခုဖြစ်ခဲ့သည်။
IOC ဥက္ကဋ္ဌ Thomas Bach ကကမ္ဘာတစ်ဝှမ်းရှိ အားကစားသမားများ၏ ယှဥ်ပြိုင်ခဲ့မှုများနှင့် ပိတ်ပွဲအခမ်းအနားခမ်းနားထည်ဝါစွာတက်ဆက်ခဲ့မှုများ အပေါ် ချီးကျူးခဲ့သည်။
"၂၀၂၄ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲဟာ အားကစားသမားတွေကို အကောင်းဆုံး ဂုဏ်ပြုခြင်းလည်းဖြစ်ပါတယ်" ဟု Bach က ၎င်း၏ပတိပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အိုလံပစ်အားကစားပြိုင်ပွဲပိတ်ပွဲကို Stade de France ကွင်းတွင်ပြုလုပ်ခဲ့ပြီး ပရိသတ် ၇၀၀၀၀ကျော်နှင့် နိုင်ငံပေါင်း၂၀၀ကျော်မှကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲတွင်သက်ထားသူဇာ (ကြက်တောင်)နှင့်ဖုန်းပြည့်ဟန် (ရေးကူး)တို့သည် မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်ခဲ့ ကြပြီးအုပ်စုအဆင့်တွင်ပြိုင်ပွဲမှထွက်ခဲ့၇သည်။
မြန်မာနိုင်ငံသည် နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ၁၉ ကြိမ်မြောက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အိုလံပစ်အားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက်မည်သည့် ဆုတံဆိပ်တစ်ခုမျှ မရရှိခဲ့ပေ။
လာမည့်နွေရာသီအိုလံပစ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တွင်၂၀၂၈ ခုနှစ် ဇူလိုင် ၁၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ Source/IOC