Preview

ယူကရိန်းတပ်များရုရှားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်လျက်ရှိဟု သမ္မတ ဇာလန်စကီး ကပြောကြား

သြဂုတ် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :915
နိုင်ငံတကာ သတင်း

(ယူကရိန်းတပ်များ ရုရှားနိုင်ငံအတွင်း မိုင် ၂၀ ခန့် အထိ ရောက်ရှိနေပြီဟု ရုရှား က ဝန်ခံ)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၂/၂၀၂၄ (နိုင်ငံတကာ)

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်စကီး ကပြောကြားသည်ဟု CBS သတင်းဖော်ပြချက်အရသိ၇သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည်နယ်စပ်ဖြတ်ကျော်ပြီး ရုရှားနိုင်ငံ၊ နယ်စပ်ဒေသဖြစ်သည့် Kurskသို့ အံ့အားသင့်ဖွယ် စစ်ရေးအရ ပထမဆုံးအကြိမ် ကျုးကျော်ဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ကြသည့် ၄င်း၏တပ်ဖွဲ့ဝင်များကို အသိအမှတ်ပြုကြောင်း သမ္မတ ဇာလန်စကီး က သြဂုတ်လ(၁၁)ရက် ညနေခင်းက မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။

"ရန်လိုတဲ့သူ(ရုရှား)အပေါ် မှာလိုအပ်တဲ့ဖိအားတွေပေးနေမှသာ တရားမျှတမှုကို ပြန်လည်ရရှိဖို့ သေချာစေမှာဖြစ်တဲ့အတွက် ယူကရန်းအ နေ နဲ့သက်သေပြနေရခြင်းဖြစ်ပါတယ်"သမ္မတ ဇာလန်စကီး ကေပြာဆိုခဲ့သည် ယခု အခါ ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုသည် ခြောက်ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့သည်။

ယူကရိန်းစစ်တပ်သည် မကြုံစဖူးရုရှားမြေပေါ်သို့ ကျူးကျော်ဝင်ရောက်ပြီး အကြီးမားဆုံး တိုက်ခိုက်မှုများသည် ရုရှားကို သတိမထားမိဘဲ ရုရှားစစ်ခေါင်းဆောင်များအတွက် အရှက်၇စေခဲ့သည်။

BBC ၏သတင်းဖော်ပြချက်အရ ယူကရိန်းတပ်ဖွဲ့ များသည် ရုရှားနိုင်ငံအတွင်း ကီလိုမီတာ ၃၀(မိုင်၂၀ ခန့်) အထိ ထိုးဖောက်ဝင်ရောက် လာခဲ့သည်ဟုဆိုသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းအား ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် အထူးခြားဆုံးအဖြစ် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံအတွင်းသို့ ကီလိုမီတာ (၃၀)အထိ ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းတပ်များသည် ရုရှားနိုင်ငံအတွင်း ကီလိုမီတာ ၃၀ အထိ ရောက်ရှိနေပြီဟု ရုရှားဘက်ကလည်း ဝန်ခံပြောကြားခဲ့သည်။

ယူကရိန်းသည် Kursk ဒေသတွင် ထိုးစစ်ဆင်နေသည့်ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ရုရှားတပ်ဖွဲ့များသည် Tolpino နှင့် ObshchyKolodez ရွာများအနီးတွင် ယူကရိန်းတပ်များနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ နေရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ MariaZakharova က ယူကရိန်းသည် တည်ငြိမ်အေးချမ်းနေသည့်ရုရှားပြည်သူများကို ခြိမ်းခြောက်နေသည်ဟု စွပ်စွဲပြောဆို ခဲ့သည်။ Source/ CBS & BBC

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.