အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ရှိ ဟိန္ဒူလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်ပြီး စစ်ရေးအရ အရေးယူပေးရန် အမတ်တစ်ဦးက ၀န်ကြီးချုပ်မိုဒီအား တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 910

ဂျွန်နသန်၊ ဩဂုတ် ၁၆/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ ဟိန္ဒူလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်ပြီး စစ်ရေးအရ အရေးယူပေးရန် လွှတ်တော်အမတ်တစ်ဦး က ၀န်ကြီးချုပ်မိုဒီအား တိုက်တွန်း လိုက်ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဟိန္ဒူလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ၊ ဝန်ကြီးချုပ်နာရန်ဒါမိုဒီအနေဖြင့် (၁၉၇၁)ခုနှစ်နှောင်းပိုင်းကာလဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီလုပ် ဆောင်ခဲ့သည့်အတိုင်း စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့တွန့်ဆုတ်မနေသင့်ကြောင်း ကာနာတက္ကား လွှတ်တော်အမတ်တစ်ဦး သြဂုတ်လ(၁၄)ရက် က တိုက်တွန်းခဲ့သည်။

ဘင်္ဂါလူရု ၊ ရှီဗာဂျီနာဂါ ၏ လွှတ်တော်မဲဆန္ဒနယ်ကိုယ်စားပြု၊ အမတ်ဖြစ်သူ ရာဇ်၀မ်အာရှဒ်က အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒါ မိုဒီထံ စာတစ်စောင် ပေးပို့ခဲ့ရာတွင်ဘင်္ဂလားဒေ့ရှ် ရှိ လူနည်းစုများ၏ စိုးရိမ်ပူပန်မှုနေများကို ဖြေရှင်းပေးရုံသာမကဘဲ အိန္ဒိယနိုင်ငံတွင်လည်း လက်ယာအစွန်းရောက် ဝါဒီများ၏ စီးပွားရေးအရရော လူမှုရေးအရပါ စဥ်ဆက်မပြတ် တိုက်ခိုက်ခံနေရမှုများအပေါ်တွင်လည်း ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေး ရန်ကိုလည်း တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဒေသအတွင်းရှိနေကြသည့် ဟိန္ဒူလူနည်းစုများအား ရက်စက်ကြမ်းကြုတ်နေမှုများလုပ်ဆောင်နေသည့် အပေါ် မီးမောင်းထိုးပြနေသည့် မကြာသေးမီက လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသည်။

အဆိုပါသတင်းများနှင့် ဗီဒီယိုဖိုင်များကြောင့် စိုးရိမ်ပူပန်နေကြသည့် အိန္ဒိယနိုင်ငံသားတစ်ဦးအနေဖြင့် ကျွန်တော်၊ ခင်ဗျား (မိုဒီ)ဆီ ကို ဒီနေ့မှာ စာရေးလိုက်ရပါတယ်” ဟု အာရှဒ်က ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သမိုင်းကြောင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့ကြသည့်အတွက် အဆိုပါ သတင်းဖော်ပြချက်များသာ မှန်ကန်ခဲ့ပါက၊ အိန္ဒိယနိုင်ငံ အနေဖြင့်အဆိုပါ ပြဿနာများကို ဖြေရှင်းရာတွင် တက်ကြွသည့် ရပ်တည်ချက် ရှိရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူလူနည်းစုများ၏ ဘေးကင်းလုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်နိုင်ရေးသည် အရေးကြီးဆုံးဖြစ်သင့်သည်ဟု သတိပြုမိပြီး ၎င်းတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရသစ်နှင့်ချက်ခြင်း ထိတွေ့ဆက်ဆံရန် ၄င်းက ဝန်ကြီးချုပ်အား တိုက်တွန်းခဲ့သည်။

"ကျွန်တော် တို့ရဲ့ ၀န်ကြီးချုပ်အနေနဲ့ ၊ ၁၉၇၁ တုံးက အန္ဒီရာဂန္ဒီ လုပ်ခဲ့သလို ပြတ်ပြတ်သားသား စစ်ရေးအရ အရေးယူဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။ အခုအကျပ်အတည်းကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဟိန္ဒူညီအစ်ကို၊ မောင်နှမများကို ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုပါတယ်"ဟု အာရှဒ်က ပြောဆိုသည်။

“ခင်ဗျားရဲ့ခေါင်းဆောင်မှုအောက်မှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟိန္ဒူလူနည်းစုတွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးရုံသာမကဘဲ အိန္ဒိယမှာရှိတဲ့ လက်ယာယိမ်းသူတွေက စီးပွားရေးအရရော လူမှုရေးအရပါ အဆက်မပြတ် တိုက်ခိုက်နေမှု အပေါ်မှာလည်း ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ကွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

 Source/The Financial Express

 

 

ဆက်စပ် သတင်းများ