သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရုရှားနိုင်ငံရှိ Sudzha မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်စကီးက ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 549

(ရုရှားနယ်မြေအတွင်း(၂၂) မိုင်ခန့်ထိရောက်ရှိနေပြီး ၊ နယ်မြေအကျယ်အ၀န်း (၁၁၅၀)စတုရန်းကီလိုမီတာ နှင့် အခြေစိုက်စခန်း ၈၂ ခုကို သိမ်းပိုက်နိုင်ခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၆/၂၀၂၄

ရုရှားနိုင်ငံရှိ Sudzha မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်စကီးက ပြောကြားလိုက်ကြောင်း CNN သတင်းကဖော်ပြသည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ ၊ Kursk ဒေသသို့ နယ်စပ်ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး တစ်ပတ်ကျော်အကြာတွင် ရုရှားနိုင်ငံ Sudzha မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်းသမ္မတ ဇာလန်စကီး  က သြဂုတ်လ(၁၅)ရက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့သည် ရုရှားနိုင်ငံရှိ Kursk ဒေသ အား ထိုးစစ်ဆင်နေချိန်တွင် ၎င်း၏တပ်များသည် Kursk ဒေသ ၏ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သည့် Sudzha မြို့ကို အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ကြောင်း သမ္မတ ဇာလန်စကီး ကပြောကြားခဲ့သည်။


ယူကရိန်း တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကတည်းကKursk မြို့၏ အနောက်တောင်ဘက် ၁၀၅ ကီလိုမီတာ (၆၅ မိုင်) အကွာအဝေးတွင်ရှိသည့်Sudzhaမြို့ သို့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း ၄င်း၏စစ်တပ်က Sudzha မြို့ကိုသိမ်းပိုက်နိုင်ခဲ့မှုအကြောင်းကို ယူကရိန်းသမ္မတဇာလန်စကီးထံမှ ပထမဆုံး အတည်ပြုပြောကြားချက် ဖြစ်သည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားအား အံ့အားသင့်ဖွယ် တိုက်ခိုက်မှုစတင်ချိန်မှစ၍ရုရှားနယ်မြေအတွင်း ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) အကွာအဝေးထိရောက်ရှိနေပြီး ၊ နယ်မြေအကျယ်အ၀န်း (၁၁၅၀) စတုရန်း ကီလိုမီတာ ထိ နှင့် အခြေစိုက်စခန်း ၈၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် Oleksandr Syrskyi က ပြောကြားခဲ့သည်။

ယူကရိန်း၏ မြေပြင်ကျုးကျော်မှုကြောင့် သောင်းနှင့်ချီသော ရုရှားနိုင်ငံသားများသည် ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာခဲ့ကြသည်။ ယူကရိန်းတပ်များက ရုရှားပိုင်နက် အတွင်းထိုးဖောက် ၀င်ရောက် လာမှုနှင့် နယ်မြေများသိမ်းပိုက်ခဲ့ခြင်းသည်၊ကရင်မလင် အတွက် အကြီးအကျယ် အရှက်ရစေ ခဲ့ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ Source/CNN

ဆက်စပ် သတင်းများ