Preview

ဆူဒန်ရှိ၊ ရွာတစ်ရွာကို RSFအဖွဲ့ကတိုက်ခိုက်၊အနည်းဆုံး လူ (၈၅) ဦး သေဆုံးခဲ့ ပြီး၊လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့

သြဂုတ် ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :525
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၈/၂၀၂၄ (နိုင်ငံတကာ)

ဆူဒန်နိုင်ငံအလယ်ပိုင်းရှိ၊ကျေးရွာတစ်ရွာကို ဆူဒန်၏ အရံလက်နက်ကိုင်အဖွဲ့ (RSF) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာအနည်းဆုံး လူ (၈၅) ဦး သေဆုံးခဲ့ ပြီး၊လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့ ကြောင်းIndia Today က ဖော်ပြချက်အရသိ၇သည်။

RSFမှတိုက်ခိုက်ရေးသမားများသည် ဆူဒန်နိုင်ငံအလယ်ပိုင်းရှိ၊ကျေရွာတစ်ရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့်ကလေးတွေ အပါအဝင်၊အနည်းဆုံး လူ (၈၅) ဦးသေဆုံးခဲ့ပြီး၊ လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း အာဏာပိုင်များနှင့် ဒေသခံများက သြဂုတ်(၁ရ)ရက်က ပြောကြားခဲ့သည်။

RSF သည် ဩဂုတ် ၁၂ရက်မှစတင်၍ ဆူဒန်အလယ်ပိုင်း၊ Sinnar ပြည်နယ်၊ AbuHujar မြို့ရှိJalqni ရွာကိုပိတ်ဆို့ထားခဲ့ပြီး အမျိုးသမီးများကို ပြန်ပေးဆွဲရန် ကြိုးပမ်းရာမှ ရွာသားများ၏ ခုခံခြင်းကို ခံခဲ့၇သည်။

ထို့နောက်RSF သည် သြဂုတ်လ(၁၅)ရက်တွင်အဆိုပါကျေး ရွာကိုထိုးစစ်ဆင်ဝင်ရောက်ခဲ့ကြသည်။

ရာနှင့်ချီသောRSF တိုက်ခိုက်ရေးသမားများသည်သြဂုတ်လ(၁၅)ရက်က ကျေးရွာအတွင်း နာရီပေါင်းများစွာကြာဝင်ရောက်စီးနင်းခဲ့ပြီးလူနေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများကိုလုယက်၊ဖျက်ဆီးကာ မီးရှို့ခဲ့ကြကြောင်း ဒေသခံများကပြောဆိုသည်။

ရွာသားတစ်ဦးဖြစ်သည့်Mohamed Tajal-Amin က သြဂုတ်လ(၁၆)ရက် သောကြာနေ့မွန်းတည့်ချိန်၌ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးစုစုပေါင်းရုပ်အလောင်းခုနစ်လောင်း လမ်းပေါ်တွင်ချထားသည်ကို တွေ့၇သည်ဟုဆိုသည်။

ဆေးဘက်ဆိုင်ရာဌာနတွင် သြဂုတ်လ(၁၆)ရက် နေ့အထိ အမျိုးသမီးနှင့် အရွယ်မရောက်သေးသူ (၂၄) ဦးအပါအဝင် ရုပ်အလောင်း(၈၀)ထက်မနည်းကိုလက်ခံရရှိထားကြောင်း အမည်မဖော်လိုသူ အလုပ်သမားတဦးက ပြောဆိုသည်။

၄င်းတို့သည်ကျေးရွာရှိလက်နက်မဲ့နေထိုင်သူများကို ခွဲခြားဆက်ဆံကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့်ရွာသား ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါအကြမ်းဖက်မှုနှင့်ပတ်သက်ပြီးRSF ပြောရေးဆိုခွင့်ရှိသူများက သြဂုတ်လ၁ရရက်အထိ မှတ်ချက်တစုံတရာပြောဆိုခြင်းမရှိသေးပေ။

အဆိုပါRSF၏တိုက်ခိုက်ခဲ့မှုသည် ဆူဒန်တွင် (၁၈)လကြာပြီးနောက် အလွန် ဆိုးရွားသော ရက်စက် ကြမ်းကြုတ်သည့်အကြမ်းဖက်မှုဖြစ်ခဲ့သည်။

ဆူဒန်နိုင်ငံ၏မြို့တော်ခါတွန် နှင့် အခြားနေရာများတွင်ပြီးခဲ့သည့်နှစ် ဧပြီလ က စစ်ပွဲစတင် ဖြစ်ပွားချိန်မှစ၍နိုင်ငံအနှံ့အပြားတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများနှင့် အလွန်ဆိုးရွားသည့်အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြောင်းRSF သည်အကြိမ်ကြိမ် စွပ်စွဲခံခဲ့၇သည်။

ဇွန်လအတွင်းကလည်းRSF သည်မြို့တော်ခါတွန် ၏အရှေ့တောင်ဘက် ၃၅၇ကီလိုမီတာ (၂၁၇ မိုင်) အကွာရှိ Sinnar ပြည်နယ်Singaမြို့ကို တိုက်ခိုက်ခဲ့ပြီး၎င်းတို့သည်မြို့မဈေးကို လုယက်ခဲ့ကြပြီး ဆေးရုံကိုလည်း သိမ်းပိုက်ကာထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးခဲ့ကြရသည်။ ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းတွင် RSFမှ တိုက်ခိုက်ရေးသမားများသည် နိုင်ငံအလယ်ပိုင်းရှိ Sennar ပြည်နယ်၊Galganiမြို့အား စတင်တိုက်ခိုက်ခဲ့သည်။

ဆူဒန်စစ်တပ်နှင့်RSF အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန် ပြည်ထောင်စုကဦးဆောင်ကြိုးပမ်းနေချိန်တွင် သြဂုတ်လ၁၅ရက် က လူ၁၅၀ကျော်သေဆုံးခဲ့၇သည့် တိုက်ခိုက်မှုဖြစ်စဥ် နောက်ဆုံး ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

စစ်တပ်ကသပိတ်မှောက်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ဆွစ်ဇာလန်တွင် စတင်ခဲ့သည်။

ဆွေးနွေးပွဲသို့ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အာဖရိကသမဂ္ဂနှင့်ကုလသမဂ္ဂတို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။ RSF သည်ဆွေးနွေးပွဲပြုလုပ်ရာဂျီနီဗာသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သော်လည်းအစည်းအဝေးများတွင် ပါဝင် ဆွေးနွေးခြင်းမရှိခဲ့ပေ။

ဆူဒန်စစ်ပွဲသည်ကမ္ဘာ့အကြီးဆုံးနေရပ်ရွှေ့ပြောင်းသူများ အကြပ်အတည်းကို ဖြစ်ပွားစေ ခဲ့သည်။

တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ လူပေါင်း (၁၀.ရ) သန်းကျော်အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏အဆိုအရ သိ၇သည်။ ၎င်းတို့အနက်(၂)သန်းကျော်သည်အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ၇သည်။

(ပုံ/R S F ၏အကြမ်းဖက်မှုများကြောင့်  ဆူဒန်နိုင်ငံ El Gezira နှင့်Sennar ပြည်နယ်များမှ ရွှေ့ပြောင်း လာကြသည့်မိသားစုများသည် ယာယီနားခိုးရာနေရာများတွင်ခိုလှုံနေကြ၇သည်။ )

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.