Preview

ကမ္ဘာတစ်လွှား မျောက်ကျောက်ရောဂါ ကူးစက်မှုမြင့်မားလာ၊ နိုင်ငံပေါင်း(၂၀)ကျော်တွင် ရောဂါဖြစ်ပွားမှု (၁၇,၀၀၀) ကျော်ရှိနေပြီး သေဆုံးသူ (၅၇၁) ဦးထိရှိလာနေ

သြဂုတ် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :2689
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၁/၂၀၂၄ (နိုင်ငံတကာကျန်းမာရေး)

နိုင်ငံတကာစိုးရိမ်မှုအခြေအနေအဖြစ်သတ်မှတ်ထားသည့် မျောက်ကျောက်ရောဂါသည် ကမ္ဘာ တစ်လွှားကူးစက်မှုမြင့်မားလာနေပြီး၊ယခုအခါ နိုင်ငံပေါင်း(၂၀)ကျော်တွင် ရောဂါဖြစ်ပွားမှု(၁၇,၀၀၀)ကျော်ရှိကာ၊ သေဆုံးသူ (၅၇၁) ဦးထိရှိလာနေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်များအရသိ၇သည်။

ကမ္ဘာတစ်လွှား မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာမှုအပေါ်နိုင်ငံတကာစိုးရိမ်မှု အခြေအနေ အဖြစ်WHO ကကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြေငြာခဲ့ပြီးနောက်ကမ္ဘာတစ်လွှားတွင်မျောက်ကျောက်ရောဂါ ကူးစက်မှုမြင့်မားလာ လျက်ရှိသည်။

အထူးသဖြင့်အဆိုပါရောဂါသည်အာဖရိကတိုက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်မှုမြင့်တက်လာနေ သည်ဟု The Independent ကဖော်ပြသည်။

(Mpox)ဟုလူသိများသောမျောက်ကျောက် ကူးစက်ရောဂါသည်အာဖရိကတိုက်ရှိကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်မှု မြင့်တက်လာနေ ပြီး အာဖရိကတိုက်တွင်ရောဂါဖြစ်ပွားမှုအားလုံး၏ (၉၆)ရာခိုင်နှုန်းရှိသည်။

ယခုအခါမျောက်ကျောက် ရောဂါဖြစ်ပွားမှု ၁၇,၀၀၀ ကျော်နှင့်သေဆုံးသူ ၅၇၁ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး WHO မှအဆိုပါ ရောဂါဖြစ်ပွားမှုကို “နိုင်ငံတကာစိုးရိမ်မှု” ဟုခေါ် ဆိုခဲ့သည်။


WHO ၏အဆိုအရ၊ Mpox ရောဂါသည်၂၀၂၂ ခုနှစ်မှစ၍ တစ်ကမ္ဘာလုံးတွင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင်၊ Mpox ရောဂါဖြစ်ပွားမှု၉၉,၁၇၆ခု နှင့်သေဆုံးသူ၂၀၈ ဦး ရှိခဲ့သည်။

ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုအရေအတွက်သည်ယခု၂၀၂၄နှစ်တွင်သိသိသာသာတိုးမြင့်လာခဲ့ပြီး ယခုနှစ်တွင်အာဖရိနိုင်ငံ ၁၇ နိုင်ငံနှင့်အာဖကတိုက်ပြင်ပနိုင်ငံများအပါအဝင်၊ နိုင်ငံပေါင်း(၂၂)နိုင်ငံတွင် ရောဂါဖြစ်ပွားမှု (၁၇,၀၀၀) ကျော်ရှိနေပြီးသေဆုံးသူ (၅၇၁) ဦးထိရှိနေသည်ဟုသိရသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှအစပြုခဲ့သည့် ဗိုင်းရပ်စ်သည် အိမ်နီးချင်းနိုင်ငံများနှင့် အာဖရိကအလယ်ပိုင်းနှင့်အရှေ့အာဖရိကတစ်ဝှမ်းရှိ ဒေသအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

clade 1 ဟု အမည်ပေးထားသည့်မျိုးကွဲအသစ်သည် လိင် မှတဆင့် အဓိက ကူးစက်ပျံ့နှံ့လာသည်ဟု ဆိုသည်။ မျိုးကွဲအသစ်၏ လျင်မြန်စွာပျံ့နှံ့မှုနှင့်သေဆုံးမှုနှုန်းမြင့်မားမှုကြောင့် နိုင်ငံတကာတွင်စိုးရိမ်ပူပန်မှုများမြင့်တက်လာစေခဲ့သည်။

အာဖရိကတွင်ဗိုင်းရပ်စ်ဖြစ်ပွားမှုအား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO ကကြေညာခဲ့ပြီးနောက် ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများသည် ပိုးအမျိုးအစားအသစ် ဖြစ်ပွားလာမှုများအတွက်ကြိုတင်ကာကွယ်မှုများ ပြင်ဆင်လျက်ရှိသည်ဟုဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သည်အာဖရိကတွင် နောက်ဆုံးဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကိုနိုင်ငံတကာ၏ စိုးရိမ်စရာအဖြစ်"ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ"အဖြစ် သြဂုတ်လ(၁၄) ရက်တွင်၊ ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံကလည်းအဆိုပါမျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနေမှုများအပေါ် သတိရှိကြရန်နှင့် လိုက်နာ၇မည့်အချက်များကိုသြဂုတ်လ ၁၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်ကိုတွေ့၇သည်။

ကမ္ဘာ့နိုင်ငံများကလည်းမျောက်ကျောက်ရောဂါ ကူးစက်မှုများကြိုတင်ကာကွယ်သည့်အနေဖြင့် ၄င်းတို့၏ နိုင်ငံတကာလေဆိပ် များတွင်မျောက်ကျောက်ရောဂါပိုးစစ်ဆေးမှုများကို လုပ်ဆောင် လာကြကြောင်းသိ၇သည်။

လေကြောင်းလိုင်းများအနေဖြင့်သတိပြုနေထိုင်ကြရန် နှင့် ခရီးသည်များ၊၂၁ ရက်အတွင်း ရောဂါ လက္ခဏာများပေါ်လာပါကအကြောင်းကြားရန် ဘင်္ဂလားဒေ့ရှ်ကျန်းမာရေး ညွှန်ကြားမှု ဦးစီးဌာနကအကြံပြုထားသည်။

အာရပ်စော်ဘွားများပြည်ထောင်စုမှမကြာသေးမီကပြန်လာသောလူနာများတွင်မျောက်ရောဂါဖြစ်ပွားမှု၃ ခုကို တွေ့ရှိခဲ့ကြောင်းKhyberPakhtunkhwa ပြည်နယ်ရှိပါကစ္စတန်ကျန်းမာရေးဌာန မှ သြဂုတ်လ (၁၆)ရက်တွင်၊ အတည်ပြုခဲ့သည်။

မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာမှုအပေါ်WHO ကကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီးနောက် ဗြိတိန် တွင်လည်းမျောက်ကျောက်ရောဂါ ပိုးကူးစက်လာနေမှု အပေါ်သတိကြီးစွာထားနေကြ၇သည် The Independent ကဆိုသည်။

မျောက်ကျောက်ရောဂါ၏အဖြစ်များသော လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ခါးနာခြင်း၊ အားနည်းခြင်း၊ ပြန်ရည်အိတ်( lymph node )များရောင်ရမ်းခြင်းနှင့် အရေပြား အဖု အပိန့်များ ၊အရည်ကြည်ဖုများ ထွက်ခြင်းစသည့် လက္ခဏာများ ဖြစ်သည်။Source/The Independent/BDNews24/WHOand photo by Reuters/ Yahoo

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.