Preview

ဟစ်ဇ်ဘိုလာ က ဒုံးကျည် အစင်း(၃၂၀)ဖြင့် အစ္စရေးစစ်အခြေစိုက်စခန်း (၁၁)ခုအပါအဝင် စစ်တန်းလျားများကို ပစ်မှတ်ထားတိုက်ခိုက် (အစ္စရေးတစ်နိုင်ငံလုံးကို (၄၈) နာရီကြာ အရေးပေါ်အခြေအနေကြေညာ)

သြဂုတ် ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :2692
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၅/၂၀၂၄ (နိုင်ငံတကာ)

လက်ဘနွန်ရှိဟစ်ဇ်ဘိုလာအဖွဲ့က Katyusha ဒုံးကျည် အစင်း(၃၂၀)ဖြင့်ဂိုလန်ကုန်းမြင့်များအပါအဝင် အစ္စရေးစစ်အခြေစိုက်စခန်း (၁၁)ခုနှင့်စစ်တန်းလျားများကို ယနေ့၊သြဂုတ်လ (၂၅)ရက်တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း TheHindu သတင်းကဖော်ပြချက်အရသိ၇သည်။

အစ္စရေးတို့က ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အား သတ်ဖြတ်ခဲ့မှုအပေါ်လက်တုံ့ပြန်သည့်အနေ ဖြင့်ဟစ်ဇ်ဘိုလာအဖွဲ့က ယခုကဲ့သို့ အစ္စရေးကိုဒုံးကျည်များ၊ ဒရုန်းများ ပစ်လွှတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊"အရပ်သားများကို ထိခိုက်လာရင် ပြင်းထန်သည့် ပြစ်ဒဏ်ပေးခြင်းကို ခံ၇လိမ့်မည်”ဟုဟစ်ဇ်ဘိုလာအဖွဲ့ကပြောကြားခဲ့သည်။

ယခုအချိန်အထိပစ်လွှတ်တိုက်ခိုက်ခဲ့သည့် Katyusha ဒုံးကျည်အစင်းပေါင်း၃၂၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း၊ဒုံးကျည်များသည်ရန်သူ(အစ္စရေး) ရှိရာနေရာများသို့ ဦးတည်သွားနေ ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့၏သြဂုတ်လ (၂၅)ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄င်းတို့သည်အစ္စရေးတို့ သိမ်းယူထားသော ဂိုလန်ကုန်းမြင့်များအပါအဝင် အစ္စရေးအခြေစိုက်စခန်း(၁၁)ခုနှင့် စစ်တန်းလျားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာ တို့က ထပ်လောင်း ပြောကြားခဲ့သည်။

ဟစ်ဘိုလာတို့သည် မောင်းသူမဲ့လေယာဉ် အမြောက်အမြားဖြင့် အစ္စရေးနိုင်ငံအတွင်းပိုင်းအထိထိုးဖောက်ဝင် ရောက်ကာ လေကြောင်းတိုက်ခိုက်မှုကိုစတင်လုပ်ဆောင် ခဲ့ကြသည်ဟုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

အစ္စရေးတစ်နိုင်ငံလုံးကိုယနေ့၊သြဂုတ်လ (၂၅)ရက် ကစတင်ပြီး (၄၈)နာရီကြာ အရေးပေါ် အခြေအနေ အဖြစ်ကြေညာလိုက်ကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း The Hinduသတင်းကဖော်ပြသည်။

ယခုလိုအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခြင်းသည် အစ္စရေးစစ်တပ်က အစ္စရေးနိုင်ငံသားများ ကိုညွှန်ကြားချက်များ၊လမ်းညွှန်ချက်များ ထုတ်ပြန်နိုင်စေဖို့ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးကပြောဆိုသည်။

အစ္စရေးစစ်တပ်ကလက်ဘနွန်ရှိ ဟစ်ဘိုလာ အဖွဲ့ကို " ကြိုတင်လက်ဦးမှုရယူခြင်း" ဟု အမည်ပေးထားသည့် တိုက်ခိုက်မှုများကို စတင်ပြီးနောက်ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် တနင်္ဂနွေနေ့ (သြဂုတ် ၂၅၊ ၂၀၂၄)နံနက် (၀၆း၀၀) နာရီမှစတင်ပြီး (၄၈) နာရီအတွင်း အစ္စရေး တစ်နိုင်ငံလုံး ကိုအရေးပေါ်အခြေအနေ အဖြစ်ကြေညာခဲ့သည်။ Source/The Hindu

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.