အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တတိယကမ္ဘာစစ်ဖြစ်လာလိမ့်မည်ဟု ရုရှားက အမေရိကန်ကို သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၈ (နိုင်ငံတကာ)

ဥရောပတွင် တတိယကမ္ဘာစစ်ဖြစ်လာလိမ့်မည်ဟု ရုရှား နိုင်ငံခြားရေး ၀န်ကြီးက အမေရိကန်ကို သတိပေးပြောဆိုလိုက်ကြောင်းရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

ယူကရိန်းက ရုရှား၏ Kursk ဒေသကို တိုက်ခိုက်ခဲ့မှုတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ(ဥရောပ) ပါ၀င်ပတ်သက်ခဲ့မှုများရှိနေသည့်အပေါ် ရုရှားနိုင်ငံခြားရေး၀န်ကြီးက က အထက်ပါအတိုင်း သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

အနောက်နိုင်ငံများသည်၄င်းတို့၏ ဒုံးကျည်များဖြင့် ယူကရိန်းကို ရုရှားနိုင်ငံအတွင်းပိုင်းထိ ထိုးဖောက်ပြီး ထိုးစစ်ဆင်ဖို့ စဉ်းစားနေခြင်းသည် "မီး နဲ့ ဆော့ ကစားနေခြင်း" ဖြစ်ကြောင်း ၄င်း က ပြောကြားလိုက်ပြီး ဥရောပတွင် တတိယကမ္ဘာစစ်ဖြစ်လာရန်အတွက် ကန့်သတ်ထားမှုများ မရှိကြောင်း ၄င်းက အမေရိကန်ကို သြဂုတ်(၂၇)ရက် (အင်္ဂါနေ့)က သတိပေးလိုက်ကြောင်းသိရသည်။

ယူကရိန်းသည် ရုရှားနိုင်ငံ အနောက်ဘက် Kursk ဒေသကို သြဂုတ် (၆) ရက်ကစတင် တိုက်ခိုက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းနိုင်ငံခြားတိုင်းပြည်တစ်ခုက ရုရှားနိုင်ငံကို အကြီးမားဆုံးသော တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရုရှားဘက်က ထိုက်တန်တဲ့ တုံ့ပြန်မှုတွေပြုလုပ်မည်ဟုရုရှား သမ္မတဗလာဒီမာပူတင်က ပြောကြားထားခဲ့သည်။

၂၀၂၂ ခုနှစ်တွင်ရုရှားသည် ယူကရိန်းကို ကျူးကျော်မှုစတင်ကတည်းက ကမ္ဘာ့အကြီးဆုံး နျူကလီးယား အင်အားကြီးနိုင်ငံများနှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော စစ်ပွဲအန္တရာယ်ကို အမေရိကန် ဦးဆောင်သော နေတိုးမဟာမိတ်အဖွဲ့နှင့် ပဋိပက္ခမဖြစ်စေလိုကြောင်း ပူတင်သည် ထုတ်ဖော် ပြောကြားခဲ့သေး သည်။

သမ္မတ ပူတင်၏ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် နှစ်ပေါင်း (၂၀)ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော Sergei Lavrov က အနောက်နိုင်ငံ များသည် ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့သည်။


"အခု နောက်တစ်ကြိမ် ထပ် ပြော ပါဦးမယ်။ သူတို့ဟာ မီးနဲ့ဆော့ ကစားနေကြတာပါ။ သူတို့ဟာ ဘာနဲ့ တူလဲဆိုတော့ မီးခြစ်တွေ နဲ့ကစားနေတဲ့ ကလေးသူငယ် တွေလိုပါဘဲ၊ ဒါဟာ အရွယ်ရောက်ပြီး ဖြစ်ကြတဲ့ ဦးလေးတွေ၊ အဒေါ်တွေ(နျူလက်နက်များပိုင်ဆိုင်ကြောင်း အပ်နှင်းခံထားရသူများ သို့မဟုတ် အခြားအနောက်နိုင်ငံများ) အတွက် အလွန်အန္တရာယ်များတဲ့ အရာတစ်ခုပါဘဲ " ဟု Lavrov က မော်စကိုတွင်သတင်းထောက်များအား ပြောကြားခဲ့သည်။

“အမေရိကန်တွေက တတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး ဆက်စပ်ပြောဆိုလာရင် ဒါဟာ ဥရောပကို သီးသန့် အကျိုးသက်ရောက်မှုရှိစေမယ့်( ဥရောပတွင် တတိယကမ္ဘာစစ်ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်) အရာပါ” ဟု Lavrov က သတိပေး ပြောကြားခဲ့သည်။

ယူကရိန်းသည် Kursk ဒေသကိုတိုက်ခိုက်မှု တွင် ဗြိတိန်တင့်ကားများနှင့် အမေရိကန် ဒုံးပျံစနစ်များ အပါအဝင် အနောက်တိုင်းလက်နက်များကို အသုံးပြုခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။

Kursk တွင်ရှိသည့်တံတားများကို ချိုးဖျက် ရာတွင် US HIMARS ဒုံးကျည်များအသုံးပြုခဲ့ ကြောင်း Kyiv က အတည်ပြုပြောကြားသည်။

အမေရိကန်တို့က ယူကရိန်းသည် ရုရှား၏ Kursk ဒေသ သို့ အံ့အားသင့်ဖွယ် ကျုးကျော်ခြင်းမပြုမီ ယူကရိန်း၏ အစီအစဉ်များနှင့် ပတ်သက်၍ အကြောင်းကြားခြင်း မရှိခဲ့ ကြောင်း၊ စစ်ဆင်ရေးတွင် မည်သည့်အရာမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိခဲ့ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှား၏ Kursk ဒေသကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ၄င်းတို့နှင့် သက်ဆိုင်ဆိုင်ခြင်း မရှိကြောင်း အနောက်နိုင်ငံများက အခိုင်အမာ ပြောဆိုမှုများကို ရုရှားအနေဖြင့် ယုံကြည်မှုမရှိကြောင်း ပူတင်၏ နိုင်ငံခြားထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဆာဂျီ နာရီရှကင်က သြဂုတ်(၂၇)ရက်က ပြောကြားခဲ့သည်။

ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Sergei Ryabkov က လည်း အဆိုပါတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အမေရိကန် ပါဝင်ပတ်သက် နေမှုသည် သိသာထင်ရှားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှား၏ Kursk ဒေသကို တိုက်ခိုက်မှုပြီးသည့် ရက်ပိုင်းအတွင်းမှာပင် အမေရိကန်နှင့် ဗြိတိန်တို့သည် ယူကရိန်းနိုင်ငံကို ဂြိုလ်တုဓာတ်ပုံနှင့် Kursk ဒေသဆိုင်ရာအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ပေးအပ်ခဲ့ကြောင်း New York Times ၏ အစီရင်ခံချက်တွင် ဖော်ပြခဲ့သည်။ Source/ Reuters  and Photo/We news English

ဆက်စပ် သတင်းများ