စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများအတွင်းသေဆုံးခဲ့ရသူ (၁၀၀၀) ကျော်ထိရှိခဲ့ပြီး(၄၀၀)ကျော်မျက်စိ ကွယ်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 659

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၉/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့်၊အလုပ်ခွဲတမ်းဆန့်ကျင်ရေး၊ ကျောင်းသား ဆန္ဒပြပွဲများ အတွင်း သေဆုံးခဲ့ရသူပေါင်း (၁၀၀၀) ကျော်ထိရှိခဲ့ပြီးလူပေါင်း (၄၀၀) ကျော်သည်မျက်စိအလင်း ကွယ်ခဲ့ရကြောင်း Bdnews24 သတင်းဖော်ပြချက်အရသိရသည်။

အလုပ်ခွဲတန်း ချမှတ်သည့်အပေါ်  ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှု၊ ဆန္ဒပြပွဲများ အတွင်းရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် လူပေါင်း(၁၀၀၀) ကျော် သေဆုံးခဲ့ရပြီး (၄၀၀)ကျော် မျက်စိ အလင်းကွယ်ခဲ့ရ ကြောင်း ကျန်းမာရေး၊အကြံပေးဖြစ်သူ နာဂျာဟန်ဗီဂမ် သည် ဒါကာရှိ၊ဗဟိုရဲဆေးရုံ သို့ သြဂုတ် (၂၉)ရက်က သွားရောက်လည်ပတ်စဉ်အတွင်းတွင်အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခုအချိန်အထိ လူပေါင်း (၁၀၀၀ )သေဆုံးခဲ့ရပြီး ကျောင်းသားတွေနဲ့ သာမန်ပြည်သူလူထု (၄၀၀) ကျော် ဟာမျက်လုံး တွေ ကွယ်သွားကြပါပြီ။ တော်တော်များများက မျက်လုံးတစ်ဖက် ကွယ်နေကြရပြီး တချို့ကျတော့ နှစ်ဖက်စလုံးကွယ်နေ ကြရတယ်”ဟုနာဂျာဟန်ကပြောဆိုသည်။

မျက်စိ၊ အမြင် အာရုံ ဆုံးရှုံးသွားသူများကို ကုသပေးရန်အတွက် အမေရိကန်အခြေစိုက် Sheba ဟုခေါ်သော အဖွဲ့အစည်းတစ်ခုနှင့် ဆွေးနွေးနေကြောင်း ၄င်းတို့၏အမည်(မျက်စိ၊ အမြင် အာရုံ ဆုံးရှုံးသွားသူများ)၏ စာရင်းကိုလည်း Sheba အဖွဲ့ထံပေးအပ်ထားပြီးဖြစ်ကြောင်း နာဂျာဟန် ကပြောကြားခဲ့သည်။

ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်သည်ဗဟိုရဲဆေးရုံ သို့သွားရောက်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့မှုအတွင်း ဒဏ်ရာရရှိသွားသော ရဲဝန်ထမ်းများကို သွားရောက်ကြည့်ရှု့ခဲ့သည်။

"ရဲတပ်ဖွဲ့ဝင်အများအပြားဟာ ၎င်းတို့ရဲ့ဒဏ်ရာတွေကို ကုသဖို့ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရပါ တယ်။ အတော်တော်များများက သူတို့ရဲ့ ဦးခေါင်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာတွေ ရခဲ့ကြတယ်" ဟု ၄င်းကမီဒီယာများကိုပြောကြားခဲ့သည်။

အစိုးရ အလုပ်အကိုင်များတွင် အလုပ်ခွဲတမ်းစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့်ကျောင်းသား များဆန္ဒပြ၊ လှုပ်ရှားမှုသည် ဇူလိုင် (၁)ရက်က စတင်ခဲ့ပြီးနောက် နိုင်ငံအဝှမ်း အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့်သာမ သေနတ်များဖြင့် လူအုပ်အတွင်းသို့ ပစ်ခတ်ခဲ့သည်။

ဆန္ဒပြမှုများသည် ဇူလိုင် (၁၅) ရက်တွင် ပြင်းထန်လာခဲ့ပြီး Rangpur ရမ်ပူရ် မြို့ရှိ Abu Sayed အမည်ရှိ တက္ကသိုလ် ကျောင်းသားတစ်ဦး အသတ်ခံရပြီးနောက် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

ဇူလိုင် (၁၈) ရက်တွင် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ နေရာအသီးသီးတွင် ဆန္ဒပြသူများနှင့်ရဲများအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီးလူ အများအပြား သေဆုံးကာ ဒဏ်ရာများရရှိခဲ့ကြသည်။

ထို့နောက် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုသည် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲခဲ့ပြီး ဩဂုတ်(၅)ရက်နေ့တွင် ၀န်ကြီးချုပ်ရှိတ်ဟာဆီနာ သည် ၎င်း၏ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ Source/Bdnews24 and Photo/ Le Monde

ဆက်စပ် သတင်းများ