- Web Master
- ၁၂ မေ ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၃၀/ ၂၀၂၄ (နိုင်ငံတကာ)
အစ္စရေးစစ်တပ်သည် အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ္မစ်ဂျီဟတ် တပ်မှူးတစ်ဦးနှင့် ပါလက်စတိုင်းစစ်သွေးကြွလေးဦးတို့အားသတ်ဖြတ် သုတ်သင် ခဲ့ကြာင်းရိုက်တာ သတင်းဖော်ပြချက်အရ သိရသည်။
အစ္စရေးတို့သိမ်းပိုက်ထားသော နယ်မြေအတွင်း ရှိ ဗလီ တစ်ခုကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၊ အနောက်ဘက်ကမ်း ဒေသတွင်လှုပ်ရှားနေသည့် အီရန်ကျောထောက်နောက်ခံပြု ထားသော အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့မှ ဒေသခံတပ်မှူးတစ်ဦးနှင့် အခြားစစ်သွေးကြွ(၄)ဦးတို့ သေဆုံးခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းသေဆုံးခဲ့ရကြောင်းအစ္စရေးစစ်တပ်ကပြောဆိုသည်။
အစ္စရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် သံချပ်ကာယာဉ်များဖြင့် သြဂုတ်(၂၈)ရက် အစောပိုင်းတွင် စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးဒုတိယနေ့ဖြစ်သည့် သြဂုတ်(၂၉)ရက်တွင် အဆိုပါအနောက်ဘက်ကမ်းရှိ ဗလီ တစ်ခုအား သေနတ်ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့မှုသည် လအတော်တန်ကြာ အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေအတွင်း အကြီးမားဆုံးသော ချေမှုန်းမှုတိုက်ခိုက်မှု တစ်ခု ဖြစ်သည်။
တူလ်ခမ် မြို့ရှိ ဗလီအနီးတစ်ဝိုက်တွင် စစ်ဆင်ရေးတစ်ခုအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အစ္စလာမ္မစ် ဂျီဟတ်တပ်မှူး ဖြစ်သည့် အဘူရှုဂျာဟုလူသိများသည့် မိုဟာမက်ဂျက်ဘာကို သတ်ဖြတ်ခဲ့ကြောင်းနှင့် အခြားပါလက်စတိုင်း တိုက်ခိုက်ရေးသမားလေးဦးလည်း သေဆုံးခဲ့ကြောင်း အစ္စရေး စစ်တပ်ကအတည်ပြု ပြောကြားခဲ့သည်။
၄င်းတို့သည် ဗလီအတွင်း ပုန်းခို နေခဲ့ကြကြောင်း ၊ ၄င်းတို့သည် အစ္စရေးကို အကြိမ်ကြိမ်တိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုးများပြုလုပ်ရန် စီစဉ်နေကြသူများဖြစ်ကြောင်း Nur Shams ဒုက္ခသည်စခန်းနှင့်ကပ်လျက်ရှိနေ သည့် ဗလီဝတ်ကျောင်းအတွင်းမှ လက်နက်ခဲယမ်းများနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းအ မြောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်းအစ္စရေး စစ်တပ်က ပြောဆိုသည်။
၄င်းတို့သေဆုံးခဲ့ရမှုကို အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏တူလ်ခမ် ဌာနခွဲက အတည်ပြုခဲ့သည်။ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများသည် Abu Ubaida ဗလီအနီးရှိ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ်ရက်အတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်း ဦးရေသည် (၁၇)ဦးအထိ ရှိလာခဲ့ကြောင်း ဂျီဟတ်အဖွဲ့က ွတည်ပြုပြောကြားခဲ့သည်။
ဟားမတ်စ် စစ်သွေးကြွများသည် ဂါဇာကမ်းမြောင်မှ အစ္စရေးတောင်ပိုင်းသို့ ဝင်ရောက်စီးနင်းခဲ့ရာ လူ (၁၂၀၀)သေဆုံးပြီး ဓားစာခံ (၂၅၀)ကျော်ကိုဖမ်းဆီး သွားခဲ့ပြီးနောက် အောက်တိုဘာ (၇) ရက်တွင် အစ္စရေး-ပါလက်စတိုင်း အကြမ်းဖက် တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း အစ္စရေးစာရင်းများအရ သိရသည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့ကတိုက်ခိုက် ချေမှုန်းပြီးကတည်းက လူပေါင်း (၄၀,၅၀၀) ကျော် သေဆုံးခဲ့ရ ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အရာရှိများက ပြောဆိုသည်။ Source/Reuters
ပုံ/ အစ္စရေးစစ်တပ်သည် ဩဂုတ်လ ၂၈ ရက်က တူလ်ခမ် ရှိ နယ်မြေတစ်ခုအတွင်းစစ်ဆင်ရေး လှုပ်ရှားနေသည်ကိုတွေ့ရစဥ် ဓါတ်ပုံ/ရိုက်တာ