အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂျပန်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်၍ လူ(၆)ဦးသေဆုံး၊ လူ(၁)ဦးပျောက်ဆုံးပြီး အနည်းဆုံး (၁၁၀)ဦး ဒဏ်ရာရ၊ လူပေါင်း (၅)သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 294

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၃၀/၂၀၂၄

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် တိုက်ခတ်မှုကြောင့် ယနေ့၊သြဂုတ်(၃၀)ရက် ညနေပိုင်းအထိ အထိ လူ(၆)ဦး သေဆုံး၊လူ(၁)ဦးပျောက်ဆုံးပြီး အနည်းဆုံး (၁၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်းလူပေါင်း (၅) သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း ဂျပန်တိုင်းမ် သတင်းဖော်ပြချက်အရ သိရသည်။

သောကြာနေ့ (သြဂုတ်၃၀ရက်) တွင်ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများ အတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ ရထားနှင့် လေကြောင်းဝန်ဆောင်မှုများ ရပ်ဆိုင်းခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ပစ်ခဲ့ရသည်။

မုန်တိုင်းနှင့် ဆက်နွှယ်သည့် ဖြစ်စဉ်များတွင် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ရပြီး (၁၁၀)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့သည်။

အိုက်ချီစီခရိုင်၊ ဂါမာဂိုရီမြို့တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့ရပြီး၊ကာဂိုရှီးမား အနီး အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် လှေပေါ်မှပြုတ်ကျပြီး ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။


တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် သည် ယနေ့တွင် ရှီကိုခုဒေသဆီသို့ တဖြည်းဖြည်းရွေ့လျားခဲ့ပြီး ကန်တို နှင့် တိုကိုင်း ဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်းတွင် နေရာအနှံ့ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တိုကျိုမြို့နှင့် အနီးတစ်ဝိုက်ရှိ မြစ်များ တွင် ရေများစိုးရိမ်ရေအမှတ်ထိ မြင့်တက်လာခဲ့သည်။

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းရှန်ရှန် သည် သြဂုတ်(၂၉)ရက်တွင် ကျူးရှူး တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး နောက် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားပျော့သွားခဲ့သည်။

ဂျပန်နိုင်ငံ၏အကြီးဆုံးကုမ္ပဏီအချို့သည် ၎င်းတို့၏စက်ရုံများကို ပိတ်ထားကြောင်း Rachel Graham က ဖော်ပြသည်။

ခရိုင်ခုနစ်ခုရှိ အိမ်ထောင်စု ၂၃၀,၀၀၀ ခန့် သည် လျှပ်စစ်မီးများပြတ်တောက်ခဲ့ကြောင်း Kyushu Electric Power ကုမ္ပဏီကဆိုသည်။

သြဂုတ်(၃၀)ရက်၊မွန်းလွဲပိုင်းတွင် တိုင်ဖွန်းအမှတ် (၁၀) ဟုရည်ညွှန်းထားသည့် မုန်တိုင်းသည် ဗဟို ဖိအား (၉၉၄)ဟက်တိုပါစကယ်ဖြင့် ရှီကိုခုမြို့သို့ ရွေ့လျားခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် (၆၅)ကီလိုမီတာမှ အမြင့်ဆုံး (၉၀)ကီလိုမီတာအထိ ရောက်ရှိခဲ့သည်ဟု မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တိုကျိုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိဂူရို၊နိုဂါဝါ နှင့် ဆန်ဂါဝါ စသည့် မြစ်များ သည် စိုးရိမ်ရေအမှတ်အထိ မြင့်တက်ခဲ့ပြီး သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

မြေပြိုမှု အန္တရာယ်များကြောင့် တိုကျိုအနောက်ပိုင်းရှိ မြို့အများအပြားကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့် ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံတွင် လူပေါင်း (၅)သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်းသိရသည်။ Source/The Japan Times

ဆက်စပ် သတင်းများ