အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရုရှားက ယူကရိန်းရှိ ခါကိဗ်မြို့ကို တိုက်ခိုက်၍ မိန်းကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ပြီး လူ(၅၅) ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 507

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၃၁/၂၀၂၄ (နိုင်ငံတကာ)

ရုရှားက ယူကရိန်းရှိ ခါကိဗ်မြို့ကို တိုက်ခိုက်ခဲ့ရာ (၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ပြီး လူ(၅၅) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရုရှားသည် ယူကရိန်းနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ်မြို့ကို သြဂုတ်(၃၀)ရက်က တိုက်ခိုက်ခဲ့ရာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူ(၆)ဦး သေဆုံးခဲ့ပြီး၊ အနည်းဆုံး လူ (၅၅) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ယူကရိန်း၊ ပြည်ထဲရေးဝန်ကြီး Igor Klymenko က အတည်ပြု ပြောဆိုသည်။

" သေဆုံးသူတွေထဲမှာအသက် (၁၄) နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်တစ်ဦးပါ၀င်ခဲ့ပါတယ်"ဟု Igor Klymenko က သြဂုတ်(၃၀)ရက် တွင်ပြောဆိုခဲ့သည်။

ခါကိဗ်မြို့၏ မြို့တော်ဝန်ဖြစ်သူ Ihor Terekhov ကလည်း "ရုရှားတွေက ကစားကွင်းအတွင်းမှာရှိနေ တဲ့ကလေးတစ်ယောက်ကို သတ်ပစ်ခဲ့ကြတယ်ဟု သြဂုတ်(၃၀)ရက် တွင် တယ်လီဂရမ်မှ တဆင့် ပြောဆို ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ၁၂ ထပ်အမြင့်ရှိ တိုက်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ (၃)ဦး သေဆုံးခဲ့ကြောင်း ၄င်းက က ဆက်လက်ပြောဆိုသည်။

ခုချိန်ထိ သေဆုံးသူဦးရေဟာ ခြောက်ဦးအထိ တိုးလာခဲ့ပါတယ်ဟု ခါကိဗ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleg Synegubov က တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း တယ်လီဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ၏ ဝန်ထမ်းအကြီးအကဲ Andriy Yermak မှ မျှဝေထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် လူနေအဆောက်အအုံတစ်ခု၏ အပေါ်ထပ်မှ ကြီးမားသော မီးတောက်များနှင့် မီးခိုးများ တက်လာသည်ကို တွေ့ရသည်။

ရုရှားတွေက (ယူကရိန်း) အရပ်သားတွေကို ထပ်ပြီး တိုက်ခိုက်မှုတွေလုပ်နေ တယ်ဟု Yermak က ပြောကြားခဲ့သည်။

"ဒီအကြမ်းဖက်မှုတွေ ကို ရပ်တန့်ဖို့ အတွက် ကျွန်တော် တို့ရဲ့ မိတ်ဖက်တွေဆီက နေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ရရှိဖို့ လိုအပ် ပါတယ်ဟု ယူကရိန်းသမ္မတဇာလန်စကီး က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

"အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည် တွေအသုံးပြုမှုအပေါ် ကန့်သတ်ထားချက်များကို ရုတ်သိမ်းပေးဖို့ ကျွန်တော်တို့ရဲ့ မဟာမိတ်များကို မေတ္တာ ရပ်ခံ ပါတယ်။ကျွန်တော် တို့ တာဝေးပစ်စွမ်းရည်များ လိုအပ်နေ ပါတယ်။ ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင် ဖို့ လိုအပ်ပါ တယ်။ ဒါက အရပ်သားပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးဖို့ပါဘဲဟု ၄င်းက ဆက်လက် ပြောဆိုသည်။

ရုရှားသည် ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ် နှင့် အနီး၀န်းကျင်ရှိနယ်မြေများကို အဖျက်စွမ်းအားမြင့်မားသည့် ပဲ့ထိန်းဗုံးများဖြင့် ကာလကြာရှည်စွာ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ရုရှားတပ်ဖွဲ့များသည်ယူကရိန်းကိုကျူးကျော်မှုစတင်သည့်အချိန်ကတည်းက ခါကိဗ် ကိုသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ခုခံတွန်းလှန်မှာများနှင့်ရင်ဆိုင်ခဲ့ရသည်။

ရုရှားသည် ယခုနှစ် မေလမှစပြီး ခါကိဗ်ဒေသ ကို မြေပြင်ထိုးစစ်အသစ် စတင်လုပ်ဆောင်ခဲ့သည်။

အစောပိုင်းက ခါကိဗ် ရှိသည့် ဆူမီ ဒေသတွင် ရုရှားက ဝင်ရောက်စီးနင်းမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိကြောင်း ရုရှား က ထပ်ခါတလဲလဲ ငြင်းဆိုလျက်ရှိသည်။ Source/Al Jazeera

ဆက်စပ် သတင်းများ