အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံသားတစ်ဦးအပါအဝင် ဓားစာခံ (၆) ဦး၏ရုပ်အလောင်းများကို ဂါဇာရှိဥမင်လှိုဏ်ခေါင်းအတွင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဟားမတ်စ်တို့ ကို တိုက်ခိုက်မှုများအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်က ကတိပြု

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ၂/ ၂၀၂၄ (နိုင်ငံတကာ)

အမေရိကန်နိုင်ငံသား၊ အပါအဝင် ဓားစာခံ (၆) ဦး၏ရုပ်အလောင်းများကို ဂါဇာရှိ ဥမင်လှိုဏ်ခေါင်း တစ်ခု အတွင်း တွေ့ရှိခဲ့ကြောင်း အမေရိကန်သမ္မတကအတည်ပြုပြောဆိုလိုက်သည်။

အောက်တိုဘာ (၇)ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တို့က ဖမ်းဆီးထားခဲ့သည့် ဓားစာခံများမှ အစ္စရေး-အမေရိကန်နိုင်ငံသား Hersh Goldberg-Polinတစ်ဦး အပါအဝင် (၆) ဦး၏ ရုပ်အလောင်း များကို ကို ဂါဇာတောင်ပိုင်း၊ ရာဖာ အောက်ရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒန် က သြဂုတ်(၁)ရက်က ပြောကြားခဲ့သည်။

ဂါဇာတွင် ဟားမတ်စ်အဖွဲ့မှ ဖမ်းဆီးထားသည့် ဓားစာခံ ခြောက်ဦး၏ ရုပ်အလောင်းများကို အစ္စရေး စစ်တပ်မှ ဆယ်ယူရရှိပြီးနောက် တစ်ရက်အကြာတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် တဲလ်အဗစ် မြို့ လမ်းမများပေါ်သို့ ထွက်လာကြပြီး ကျန်ရှိသော ဓားစာခံများကို ပြန်လည်ခေါ်ယူပေးရန် အစ္စရေး အစိုးရအနေနဲ့ ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့ကြသည်။

အစ္စရေးနိုင်ငံတစ်ဝှမ်းတွင်ခန့်မှန်းခြေလူပေါင်း (၅)သိန်း ခန့် သည်လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

"ကျွန်တော် စိတ်ထိခိုက်ပြီး ဒေါသလည်းထွက်နေပါတယ်" ဟု သမ္မတဂျိုး ဘိုင်ဒန်က ပြောကြားခဲ့သည်။

ယခုတွေ့ရှိ ခဲ့ရသည့် ဓားစာခံ ၆ ဦး၏ရုပ်အလောင်းများသည် ကိုဟားမတ်စ်တို့က သတ်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟု က စွပ်စွဲပြစ်တင်လိုက်သည်။

ယခုချိန်ထိ ထိုလုပ်ရပ်အပေါ်ဟားမတ်စ်တို့ကတစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

အစ္စရေး အနေဖြင့် ဟားမတ်စ်တို့ ကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစ္စရေးဝန်ကြီးချုပ်က ကတိပြုလိုက်ပြီး ဂါဇာတွင် သေဆုံးသွားခဲ့ရသည့်တဲ့ ဓားစာခံများ၏ မိသားစု၀င်များကို လည်းတောင်းပန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟု သည် အသတ်ခံခဲ့ရသော ဓားစာခံများ၏ မိသားစု၀င်များကို တောင်းပန်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက သြဂုတ်(၁)ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ဓားစာခံ ခြောက်ဦးကို အစ္စရေးတပ်များ မရောက်မီ ကတည်းကပင် ဟားမတ်စ်တို့က သတ်ဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

အစ္စရေးကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ခြောက်ဦးသည် သြဂုတ်လ(၂၉) ရက်( သို့မဟုတ်)သြဂုတ်လ(၃၀)ရက်နေ့၊ တစ်ချိန်တည်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Source/NBC News

ဆက်စပ် သတင်းများ