အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမေရိကန် ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ(၄)ဦး သေဆုံးပြီး အနည်းဆုံးလူ (၉)ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 521

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၅/၂၀၂၄ (နိုင်ငံတကာ)

အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ အထက်တန်းကျောင်း တွင်သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ ဦးအပါအဝင် လူ(၄)ဦး သေဆုံးပြီး အနည်းဆုံးလူ (၉)ဦး ထိခိုက်ဒဏ်ရာ ရကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေး ဗျူရိုက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ၀င်းဒါး မြို့၊ ဘာရိုးကောင်တီရှိ Apalachee အထက်တန်းကျောင်း တွင် စက်တင်ဘာ(၄)ရက်၊နံနက် က သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ (၁၄)နှစ်အရွယ် ကျောင်းသား(၂)ဦးနှင့်ကျောင်းဆရာ (၂)ဦး သေဆုံးခဲ့ပြီး အနည်းဆုံးလူ (၉)ဦး ထိခိုက်ဒဏ်ရာ ရကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို (GBI)မှ ဒါရိုက်တာ Chris Hosey က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပစ်ခတ်မှုတွင် သေနတ်သမားဟု သံသယရှိသူ အသက် (၁၄) နှစ်အရွယ် Colt Grey အား လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အသတ်ခံရသည့် ကျောင်းသားနှစ်ဦးမှာ အသက် (၁၄) နှစ်အရွယ် Mason Schermerhorn နှင့် Christian Angulo နှစ်ဦးစလုံးသည်အသက် (၁၄)နှစ် အရွယ်များ ဖြစ်ကြောင်း၊ နောက်ထပ် အသတ်ခံခဲ့သည့် ၂ဦးမှာ ကျောင်း ဆရာနှင့်ဆရာမတို့ဖြစ်ကြောင်းဂျော်ဂျီယာ စုံစမ်း စစ်ဆေးရေးဗျူရို (GBI)မှဖော်ထုတ်နိုင်ခဲ့သည်။

GBI ၏အဆိုအရ၊ သြဂုတ်(၄)ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ၊ အထက်တန်းကျောင်း မှ ပစ်ခတ်မှု ဖြစ်ပွားသည့်အကြောင်းကို ဘားရိုးကောင်တီ၏ အရာရှိများထံ ဖုန်းဆက် အကြောင်း ကြားခဲ့ကြောင်း၊ ယင်းနောက်အရာရှိများ သည် မိနစ်ပိုင်းအတွင်း ကျောင်းသို့ရောက်ရှိလာပြီး သံသယရှိသေနတ်သမားကို တွေ့ရှိခဲ့ကြောင်း ၊ ၄င်းသည် ခုခံမှုပြုလုပ်ခြင်းမရှိဘဲ ချက်ချင်း လက်နက် ချခဲ့သည်ဟုဆိုသည်။

ဘားရိုး ကောင်တီ ရဲအရာရှိ Jud Smith ၏ အဆိုအရ သေနတ်သမားအား တွေ့ဆုံ မေးမြန်းထားပြီး ဖြစ်ကြောင်း ၄င်းသည် ကျောင်းသားများနှင့် သေဆုံးသူများအကြား မည်သည့်ဆက်စပ်မှုမှမရှိကြောင်း သို့သော်လည်းရဲတပ်ဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွားခဲ့ရသည့် အဖြစ်အပျက်နှင့် အနီး ပတ်၀န်းကျင်ကို ဆက်လက်စုံစမ်းရှာဖွေနေသည်ဟုဆိုသည်။

GBI မှ ၎င်းတို့၏ ဦးစားပေးသည် အချက်အလက်အားလုံးကို စုံစမ်း စုဆောင်းပြီး ဖြစ်စဥ်ကို တိကျသေချာစေရန်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သက်သေများ စုဆောင်းခြင်းနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခြင်း အပါအဝင် လုပ်ဆောင်ရမည့် အလုပ်များစွာကျန် ရှိနေကြောင်းသေနတ်သမားဟု သံသယရှိသူ အသက် (၁၄) နှစ်အရွယ် Colt Grey အားလူသတ်မှုဖြင့်တရားစွဲဆိုသွားမည်ဟုGBI မှ ပြောကြားခဲ့သည်။ Source/Fox5 Atlanta

ဆက်စပ် သတင်းများ