အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဆယ်စုနှစ်တစ်ခုအတွင်းအပြင်းထန်းဆုံးဖြစ်သည့်စူပါတိုင်ဖွန်းမုန်တိုင်း"ရာဂိ" တရုတ်နိုင်ငံ ဟိုင်နန် ကို ဝင်ရောက်တိုက်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 675

( လူပေါင်း(၁)သန်းခန့် ဘေးလွတ်ရာသို့  ရွှေ့ပြောင်းခဲ့ရပြီး ဗီယက်နမ်တွင် လူတစ်ဦးသေဆုံးခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၇/ ၂၀၂

ဆယ်စုနှစ်တစ်ခုအတွင်းအပြင်းထန်းဆုံးဖြစ်သည့်စူပါတိုင်ဖွန်းမုန်တိုင်း"ရာဂိ"သည် တရုတ်နိုင်ငံ ဟိုင်နန် ကို လေတိုက်နှုန်းသည် ၂၃၄  ကီလိုမီတာဖြင့်  ဝင်ရောက်တိုက်ခတ် လျက်ရှိပြီး လူပေါင်း(၁)သန်းခန့် ကို ဘေးလွတ်ရာသို့  ရွှေ့ပြောင်းခဲ့ရပြီး ဗီယက်နမ်နိုင်ငံတွင် လူတစ်ဦးသေဆုံးခဲ့ သည်။

စူပါတိုင်ဖွန်းမုန်တိုင်း"ရာဂိ" သည် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဟောင်ကောင်တောင်ပိုင်းမှ ရွေ့လျားခဲ့ပြီးနောက် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၊ကုန်းတွင်းပိုင်းဒေသ သို့ ဝင်ရောက်ခဲ့ပြီး လူအများအပြား အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

တိုင်ဖွန်းမုန်တိုင်း မ၀င် ရောက်မီတွင် ဟိုင်နန်တွင် လူပေါင်း (၄၂၀၀၀)ခန့်နှင့် Guangdong  ပြည်နယ်တွင် လူပေါင်း (၅၇၀၀၀၀) ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ဟိုင်နန်တွင် နေထိုင်သူများသည် ရေကြီးမှုဒဏ်ကို ကာကွယ်ရန် သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်ကာ နေအိမ် ပြတင်းပေါက်များကိုလည်းခိုင်ခံ့အောင် ပြင်ဆင်ခဲ့ကြသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။


ဟောင်ကောင်တွင်  တိုင်ဖွန်းမုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားပြီး စတော့ရှယ်ယာဈေးကွက်၊ ဘဏ်များ၊ ကျောင်းများ၊ရုံလုပ်ငန်းများ ပိတ်ထားခဲ့ရသည်။

ဗီယက်နမ်သည် စူပါတိုင်ဖွန်း"ရာဂိ" နီးကပ်လာချိန်တွင် ပြည်တွင်းခရီးစဉ် (၂၄၀)ခု နှင့် နိုင်ငံတကာ ခရီးစဉ် (၇၀) အပါအဝင် လေယာဉ်ခရီးစဉ် (၃၃၀) ကျော်ကို သြဂုတ်(၇)ရက်တွင် ဖျက်သိမ်းမည် ဖြစ်ကြောင်းဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

စူပါတိုင်ဖွန်းမုန်တိုင်း"ရာဂိ"ကြောင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ၁၅မီတာအမြင့်ရှိ သစ်ပင်သည်  ဆိုင်ကယ်စီးလာသူ နှစ်ဦးအပေါ် ပြိုလဲခဲ့မှုကြောင့်  အမျိုးသမီးတစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အမျိုးသားမှာ ဦးခေါင်းဒဏ်ရာရာကာ Bach Mai ဆေးရုံတွင် ဆေးကုသမှုခံယူနေရ ကြောင်း၊ အဆိုပါ အမျိုးသမီးသေဆုံးရမှုသည်မြို့တော်  ဟနွိုင်းတွင် မုန်တိုင်းကြောင့် ပထမဆုံးသေဆုံးသူ ဖြစ်ကြောင်း The Star သတင်းကဖော်ပြသည်။

စူပါတိုင်ဖွန်းမုန်တိုင်း"ရာဂိ" ၏အလယ်ဗဟိုတွင် တစ်နာရီလျှင် အမြင့်ဆုံးလေတိုက်နှုန်းသည် ၂၃၄  ကီလိုမီတာရှိပြီး  ၂၀၂၄ ခုနှစ်တွင် အတွင်းကမ္ဘာ့ဒုတိယအင်အားအပြင်းဆုံး အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း၊ ဆယ်စုနှစ်တစ်ခု အတွင်း၊ ဟိုင်နန်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံးမုန်တိုင်းလည်းဖြစ်သည်။ Source/ Newsx/Xinhua

ဆက်စပ် သတင်းများ