အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရာဂိမုန်တိုင်းကြောင့်ဗီယက်နမ်တွင် လူ (၁၄)ဦး သေဆုံးပြီး (၁၇၆) ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 234

ဂျွန်နသန်၊  စက်တင်ဘာ ၉/ ၂၀၂၄ (နိုင်ငံတကာ)

ဗီယက်နမ်နိုင်ငံ ကို အင်အားပြင်းစူပါ တိုင်ဖွန်းမုန်တိုင်းရာဂိ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ (၁၄)ဦး သေဆုံးပြီး (၁၇၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီလီနီယံပို့စ် သတင်းဖော်ပြချက်အရသိရ သည်။

အင်အားပြင်းစူပါ တိုင်ဖွန်းမုန်တိုင်းရာဂိသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ၊ အနည်းဆုံး လူ (၁၄)ဦး သေဆုံးပြီး (၁၇၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုန်တိုင်းသည် အင်အားလျော့သွားသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်ထားသည်။

ရာဂိမုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့်မုန်တိုင်းများအနက် အင်အားအပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့သည်။

ရာဂိမုန်တိုင်းကြောင့် ဗီယက်နမ် မြောက်ပိုင်းတွင် လူပေါင်း( ၃)သန်းကျော် လျှပ်စစ်မီး ပြတ်တောက် ခဲ့သည်။

စပါးနှင့် သစ်သီးဝလံများ အများဆုံးစိုက်ပျိုးသည့် အရေးပါသည့် စိုက်ပျိုးမြေ(၁၁၆,၁၉၂)ဟက်တာ နီးပါးလည်း ပျက်စီးခဲ့ရသည်။

လေဆိပ်လေးခုကို ပိတ်ထားခဲ့ရပြီးနောက် ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို လည်းဖျက်သိမ်းခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘ(၇)ရက်မွန်းလွဲပိုင်းတွင် တစ်နာရီလျှင် ၁၄၉ ကီလိုမီတာ (တစ်နာရီ ၉၂ မိုင်) နှုန်းဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် Quang Ninh နှင့် Haiphong တို့ကိုစတင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မုန်တိုင်းရာဂိသည် ၁၅ နာရီနီးပါးခန့် ကြာအရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ(၇)ရက် တနင်္လာနေ့ နံနက်အစောပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့ သွား ခဲ့သည်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသဌာနက သတိပေးထားသည်။

ယခုအခါ မုန်တိုင်းသည်ဗီယက်နမ်မှလာအိုနိုင်ငံဆီသို့ဦးတည်ရွေ့လျားသွားခဲ့သည်။ Source/ Millennium Post

 

 

 

ဆက်စပ် သတင်းများ