ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အစ္စရေးက ဆီးရီးယားကိုလေကြောင်းမှတိုက်ခိုက်၊ လူ (၂၅)ဦးထက်မနည်းသေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 422

အစ္စရေးက ဆီးရီးယားကိုလေကြောင်းမှတိုက်ခိုက်၊ လူ (၂၅)ဦးထက်မနည်းသေဆုံးခဲ့

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၉/၂၀၂၄ (နိုင်ငံတကာ)

အစ္စရေးက ဆီးရီးယားကိုလေကြောင်းမှတိုက်ခိုက်မှုများကြောင့် လူ (၂၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း The Guardian သတင်းဖော်ပြချက်အရသိရသည်။

စက်တင်ဘာ(၈)ရက်ညပိုင်းတွင် အစ္စရေးက ဆီးရီးယားနိုင်ငံတစ်ဝန်း ကိုလေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေသည် ကနဦးထုတ်ပြန်ခဲ့သည့် သေဆုံးသူ (၁၈) ဦးထက်မြင့်တက်လာကာ သေဆုံးသူဦးရေသည် အနည်းဆုံး(၂၅)ဦးထိ ရှိခဲ့ကြောင်း ဗြိတိန် အခြေစိုက်၊စစ်ပွဲစောင့်ကြည့်နေ သည့်၊ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပေးပို့သည့်စာရင်းများအရ သိရသည်။

သေဆုံးသူများတွင် အရပ်သားများအပြင် စစ်သားများနှင့် 'အီရန်လိုလားသော အဖွဲ့များနှင့် အတူ လုပ်ဆောင်နေသည့် ဆီးရီးယားနိုင်ငံသားများ' ပါဝင်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသည့် အဖွဲ့က ပြောဆိုသည်။

သေဆုံးသူများထဲတွင် အရပ်သား(၅)ဦး၊ စစ်သား(၄)၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနှင့် အီရန်လိုလားသော အဖွဲ့များနှင့် အတူလုပ်ဆောင်နေသည့် ဆီးရီးယားနိုင်ငံသား (၁၃) ဦးတို့ ပါဝင်ကြောင်း သိရသည်။

နောက်ထပ် ရုပ်အလောင်း( ၃) လောင်းကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်။

စက်တင်ဘာ(၈)ရက်ညက အစ္စရေးတို့ကဆီးရီးယားအားတိုက်ခိုက်ခဲ့မှုဖြစ်စဥ်သည် ဆီးရီးယားတွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး အစ္စရေးတို့၏ တိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့ပြီး၊ အစ္စရေးတို့က ဒုံးကျည် (၁၄)စင်းဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုသည်။

အစ္စရေးကဆီးရီးယားကို လေကြောင်းဖြင့်တိုက်ခိုက်မှုအတွင်း လူ (၂၅) ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်နေတဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုသော်လည်း ဆီးရီးယားနိုင်ငံပိုင်မီဒီယာကမူ သေဆုံးသူ (၁၆)ဦးရှိပြီး လူ (၄၀)ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြခဲ့ သည်။

လူ (၁၆ )ဦး သေဆုံးခဲ့ရသည်ဟု ဆီးရီးယား နိုင်ငံပိုင် သတင်းဌာနကဖော်ပြခဲ့မှုအပေါ် The Guardian အနေဖြင့် အဆိုပါကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုသည်။

အစ္စရေးက ဆီးရီးယားကို လေကြောင်းဖြင့်တိုက်ခိုက် မှုသည် ရာဇ၀တ်မှုမြောက်သည့် တိုက်ခိုက်မှုအဖြစ် အီရန်က ထုတ်ဖော်ပြောဆိုခဲ့သည်။ Source/ The Guardian and Photo- i24news

 

ဆက်စပ် သတင်းများ