တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

နိုင်ဂျီးရီးယားတွင် လောင်စာဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုကြောင့်အနည်းဆုံးလူ (၄၈)ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 380

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၄

နိုင်ဂျီးရီးယားတွင် လောင်စာဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ (၄၈)ဦး သေဆုံးခဲ့ရကြောင်း Bdnews24 သတင်းဖော်ပြချက်အရသိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ၊ မြောက် အလယ်ပိုင်းဒေသ တွင် လောင်စာဆီတင်ယာဉ်တစ်စီးနှင့် ခရီးသည်များ၊ ကျွဲနွားများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ရာလောင်စာဆီတင်ယာဉ်မှာ မီးလောင် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ (၄၈)ဦး သေဆုံးခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ၊မြောက်အလယ်ပိုင်းရှိ နိုင်ဂျာပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Hussaini Ibrahim က "လောင်စာဆီသယ်ဆောင်လာတဲ့ ထရပ်ကား ဟာ ခရီးသွားတွေနဲ့ ကျွဲနွားတွေ တင်ဆောင်လာတဲ့ ထရပ်ကားတို့ တိုက်မိခဲ့ရာမှာအနည်းဆုံး သေဆုံးသူ( ၄၈) ဦးရှိခဲ့ပါတယ်" ဟုပြောဆိုသည်။


စက်တင်ဘာ(၈)ရက်ကဖြစ်ပွားခဲ့ရသည့် အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်အတွင်းပါ၀င်ပတ်သက်သည့် အခြားယာဉ်အများအပြားကိုလည်းဖမ်းဆီးထားကြောင်း၊ အခင်းဖြစ်ပွားရာနေရာကိုတာဝန်ရှိသူများက ရှင်းလင်းနေဆဲဖြစ်ကြောင်း၄င်းကဆက်လက် ပြော ဆိုသည်။

နိုင်ဂျီးရီးယားတွင်၊ နိုင်ငံပိုင်ကုမ္ပဏီ NNPC လီမိတက် သည် လွန်ခဲ့သည့်အပတ်က ဓာတ်ဆီစျေးနှုန်း ကို အနည်းဆုံး (၃၉) ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပြီး ၄င်းသည် တစ်နှစ်ကျော်ကာလအတွင်း ဒုတိယအကြိမ် ထပ်မံ၍ မြင့်တက်ခဲ့သလို ဆီပြတ်လပ်မှုများကလည်းယခုအချိန်ထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံ၏အဓိကမြို့ကြီးများနှင့် မြို့နယ်များတွင် ဆီရရန်အတွက် မော်တော် ယာဉ်များစွာသည် နာရီပေါင်းများစွာကြာအောင် တန်းစီနေရ ကြောင်းသိရသည်။ Source/Bdnews24

ဆက်စပ် သတင်းများ