ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၄
အမေရိကတိုက်အလယ်ပိုင်းရှိ၊ အယ်လ်ဆာဗေဒေါနိုင်ငံတွင် စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ ရဲတပ်ဖွဲ့အကြီးအကဲနှင့် ဒေါ်လာသန်းပေါင်းများစွာအလွဲသုံးစားပြုလုပ်မှုဖြင့်ဖမ်းဆီးခံထား၇သူ အမျိုးသားတစ်ဦးတို့ အပါအဝင်(၉)ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက စင်တင်ဘာ(၉)ရက်က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့အကြီးအကဲ၊ ညွှန်ကြားရေးမှူး MauricioArriaza သည်ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားပြုလုပ်မှုဖြင့် စွဲချက်တင်ခံထားရသူ ခရက်ဒစ်ယူနီယံ၏အကြီးအကဲဟောင်း ဖြစ်သူ Manuel Coto ကိုစောင့်ကြပ်ပြီး ဟွန်ဒူးရပ်စ်မှ အယ်လ်ဆာဗေဒေါ သို့ စစ်၇ဟတ်ယာဥ်ဖြင့် ပြန်လည်ခေါ်ဆောင်လာစဥ် စက်တင်ဘာ(၈)ရက်ညနေပိုင်းကဟွန်ဒူးရပ်စ် နယ်စပ်အနီး အယ်လ်ဆာဗေဒေါ အရှေ့တောင်ဘက်ရှိ ပါဆာကူနာခရိုင်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားရသူများတွင်ရဲချုပ် Mauricio Arriaza၊ဒေါ်လာသန်းပေါင်းများစွာအလွဲသုံးစားပြုလုပ်မှုဖြင့်စွဲချက်တင် ခံထားရသူ Manuel Coto၊ ရဲအရာရှိ(၃)ဦး၊စစ်သား (၃)ဦးနှင့် တရားရေးဝန်ကြီးဌာနမှ ဝန်ထမ်း(၁) ဦး ၊ စုစုပေါင်း(၉)ဦးတို့ပါဝင်ခဲ့ကြောင်း စစ်တပ်နှင့် (ကာကွယ်ရေး) ဝန်ကြီးဌာနမှ သိ၇သည်။
ဒေါ်လာ(၃၅)သန်း အလွဲသုံးစားပြုလုပ်မှုဖြင့် စွပ်စွဲခံထားရသူ Coto သည် အမေရိကန်သို့ထွက်ပြေးရန် ကြိုးပမ်းနေစဥ် စက်တင်ဘာ(၈)ရက် အစောပိုင်းကဟွန်ဒူးရပ်စ်တွင် ဖမ်းဆီးခံခဲ့၇သည်။
ဟွန်ဒူးရပ်စ်က ၄င်းအား ဆယ်လ်ဗာဒေါ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ယင်း နောက်Cotoအားဟွန်ဒူးရပ်စ်မှအယ်လ်ဆာဗေဒေါသို့ဖမ်းဆီးခေါ်လာစဉ် လမ်းခုလပ်တွင် ၇ဟတ်ယာဥ်ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကိုမူ အာဏာပိုင်များကချက်ချင်းထုတ်ဖော် ပြောဆိုခြင်းမရှိသေးသော်လည်းရဟတ်ယာဉ်ပျက်ရသည့် အကြောင်းရင်းကို အမြန်ဆုံးစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သမ္မတ Nayib Bukele က တောင်းဆိုခဲ့သည်။
" ဖြစ်ပျက်ခဲ့တာတွေက'မတော်တဆမှု' လို့မဆိုနိုင်ပါဘူး" ဟု ၄င်းက Xလူမှုကွန်ရက်တွင်ရေးသားခဲ့သည်။ ကွယ်လွန်သွားသူများနှင့် ဆယ်လ်ဒါဗေဒေါ ပြည်သူများစည်းလုံးညီညွတ်မှုကို ပြသ သည့်အနေဖြင့် "နိုင်ငံတော်ဝမ်းနည်းခြင်းအချိန်ကာလ"ကိုသုံးရက် ကြာသတ်မှတ်ကြောင်း ကြေညာခဲ့သည်။
သမ္မတ Nayib Bukele သည် Arriaza အား နိုင်ငံတော်၏ရဲချုပ်အဖြစ် ၂၀၁၉ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ရဲချုပ် Arriazaသည် အကြမ်းဖက်ဂိုဏ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြိုခွင်းရာတွင်ကူညီပေးခဲ့သူဖြစ်သည်။
သို့သော်၄င်း၏ မတရားဖမ်းဆီးမှုများပြုလုပ်ခဲ့မှုများ အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းများ ထံမှလည်း ဝေဖန်ပြစ်တင်မှုများကိုလည်းခံခဲ့၇သည်။
၂၀၂၂ ခုနှစ်တွင် ၊Human RightsWatch အဖွဲ့သည်၊ ရဲချုပ် Arriazaအပါအဝင် အဆင့်မြင့်ဆယ်လ်ဒါ ဗေဒေါ အရာရှိများအားခရီးသွားလာခွင့် ပိတ်ပင်ရန်နှင့် ပိုင်ဆိုင်မှုများကိုပိတ်ပင်ရန်အတွက်အခြားနိုင်ငံများအား တောင်းဆိုခဲ့ပြီး၊ Arriaza အနေဖြင့် ဆယ်လ်ဒါဗေဒေါအမျိုးသားရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ၄င်းတွင် တာဝန်ရှိသည်ဟု HumanRights Watch အဖွဲ့ကပြောဆိုခဲ့သည်။
အယ်ဆာဗေဒိုသမ္မတနိုင်ငံသည် အမေရိကတိုက်အလယ်ပိုင်းဒေသတွင် တည်ရှိသည်။
အယ်ဆာဗေဒိုသမ္မတနိုင်ငံမှာပြည်တွင်းစစ်နှင့်တကွ သဘာ၀ ဘေးအန္တရာယ်များ အကြိမ်ကြိမ်ကျရောက်မှုတို့ကြောင့်အဆုံးအရှုံး အပျက် အစီးများစွာကို ရင်ဆိုင်ခံစားခဲ့၇သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ဆယ်လဗာဒေါနိုင်ငံသည်အလယ်ပိုင်းအမေရိကနိုင်ငံငယ် များတွင်အသေး ငယ်ဆုံး နိုင်ငံဖြစ်သော်လည်း၊ လူဦးရေအထူထပ်ဆုံးဖြစ်၏။ ယင်းနိုင်ငံ၏ အရှေ့ဘက်၌ ဟွန်းဒူးရပ်နိုင်ငံ၏ အနောက်ဘက်၌ကားပစိဖိတ်သမုဒ္ဒရာ တည်ရှိသည်။ Source/Reuters and Photo/ Xinhua