Preview

ဘင်္ဂလာဒေ့ရှ်စစ်တပ်တွင် DGFI ညွှန်ချုပ်အပါ စစ်တပ်အရာရှိကြီးသုံးဦးကို အငြိမ်းစားပေးပြီး တစ်ဦးကို ထုတ်ပယ်

စက်တင်ဘာ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :996
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၂/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်အဆင့် အပါအဝင် အကြီးတန်းအရာရှိ သုံးဦးကို အင်္ဂါနေ့တွင် အတင်းအကျပ် အငြိမ်းစားယူခိုင်းခဲ့ပြီး တစ်ဦးကို ထုတ်ပယ်ခဲ့သည်ဟု  Dhaka  Tribune တွင်သတင်း ဖော်ပြသည်။ 

ထို့အပြင်Mymensingh Cantonment တွင် တာဝန်ထမ်းဆောင်ခဲ့သည့်  အခြားအရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီးMd Mujibur Rahman ကိုလည်း ရာထူးမှ ရပ်စဲလိုက်ပြီဖြစ်သည်။

အတင်း အငြိမ်းစားပေးခံ၇သူများမှာ ဒုတိယဗိုလ်ချုပ်ကြီး MdSaiful Alam၊ ဒုတိယဗိုလ်ချုပ်ကြီး  Ahammad Tabrez Shams Chowdhury နှင့်ဗိုလ်ချုပ်Hamidul Haque တို့ဖြစ်သည်။


၎င်းတို့အနက်Saiful Alam သည် ညွှန်ချုပ်တပ်ဖွဲ့ထောက်လှမ်းရေး  Directorate General ofForces Intelligence (DGFI) ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။  ၎င်းသည်ဘိုဂရာတပ်နယ်အမှတ် ၁၁ ခြေလျင်တပ်မတွင်နယ်မြေခံတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

တပ်မတော်အက်ဥပဒေပုဒ်မ-၁၆ အ၇ အငြိမ်းစားပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အမိန့်ထုတ်ပြန်ပြီးကတည်းကအတင်းအကြပ်အငြိမ်းစားယူခြင်းများသည် ၁၅ရက်အတွင်းအသက်ဝင်မည်ဖြစ်သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနမှစက်တင်ဘာ ၁၀ ရက်စွဲဖြင့် သီးခြားသတိပေးချက် နှစ်ခုထုတ်ပြန်ခဲ့သည်။ Source/ Dhaka Tribune

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.