လူထက်နိုင်(ဒွါရာမြီ)၊ နိရဉ္စရာ စက်တင်ဘာ ၁၄ /၂၀၂၄
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်သည် ရေဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရသည့် ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား(၁)ပေါ်အထိရေဘေးအခြေအနေအား စက်တင်ဘာလ ၁၃ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သူမ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ပေထုန်တန်သည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ချစ်ကြည်ရေးတံတား၏လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရေဘေးသင့်နေရာများကိုသွားရောက်ခဲ့ပြီး ရေဘေးသင့်ထိုင်းပြည်သူများအား အသုံးအဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိ၇သည်။
ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးအိတ်များ ပေးအပ်ခဲ့ကာ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးခြင်း၊အိပ်ယာပေါ်ရှိ လူနာများအား ပံ့ပိုးပေးခြင်းများနှင့်အတူ ဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း သိ၇သည်။
ရေဘေးသင့်ပြည်သူများအားအမြန်ဆုံးနေရာချထားပေးရန်နှင့် ထိခိုက်ဆုံးရှုံးမှုများအားအနီးကပ်စောင့်ကြည့်ရန်လည်း ချင်းရိုင်မြို့တွင်ပြုလုပ်သည့် အစည်းအဝေး၌မှာကြားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားကြသည်။
ထိုင်းအစိုးရသည်ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ အပါအဝင် အခြား ရေဘေးသင့်ပြည်သူများအားကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ထိုင်းတော်ဝင်တပ်မတော် အထူးတပ်ဖွဲ့ဝင်များအားလည်းစေလွှတ်ထားကြောင်း သိ၇သည်။
ဓာတ်ပုံ - Paetongtarn Shinawatra