ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၅/ ၂၀၂၄ (နိုင်ငံတကာ)
ကွန်ဂိုတွင်မအောင်မြင်ခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုဖြင့် စက်တင်ဘာ(၁၃)ရက်က သေဒဏ် ချမှတ်ခံ၇သူ(၃ရ)ဦးတွင် ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အမေရိကန် သုံးဦး ပါဝင်ခဲ့ကြောင်းTheGuardian သတင်းဖော်ပြချက်အရသိ၇သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)တွင် ယခုနှစ် မေလအတွင်းကသမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ မှုဖြင့် လူ (၃၇) ဦးကို စက်တင်ဘာ(၁၃)ရက်က သေဒဏ်ချမှတ်ခဲ့ရာ ဗြိတိန်နိုင်ငံသားတစ်ဦးနှင့်အမေရိကန်နိုင်ငံသားသုံးဦး တို့ပါဝင်ခဲ့ကြောင်းသိ၇သည်။
ကွန်ဂိုနိုင်ငံ၊ကင်ရှာဆာမြို့၊ အင်ဒူလူစစ်အကျဉ်းထောင်ရှိ စစ်ဘက်ဆိုင်ရာတရားရုံးက စက်တင်ဘာ(၁၃)ရက်တွင် ၄င်းတို့အား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သေဒဏ်ချမှတ်ခံထားရသောအမေရိကန် သုံးဦးတွင် အာဏာသိမ်းရန်ကြိုးစားခဲ့သည့်အတိုက်အခံ ခေါင်းဆောင် မာလန်ဂန်၏သားဖြစ်သူ မာဆယ်လ်မာလန်ဂါ (၂၁)နှစ်လည်း ပါဝင်ခဲ့သည်။
၄င်း၏ဖခင်ကအာဏာသိမ်းမှုမှာပူးပေါင်း မပါဝင်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်းအာဏာသိမ်းရန်ကြိုးစားခဲ့သည့် အတိုက်အခံခေါင်းဆောင်မာလန်ဂန်၏ သားဖြစ်သူမာဆယ်လ်မာလန်ဂါကတရားရုံးတွင်ထွက်ဆိုသွား ခဲ့သည်။
၄င်းသည် နှစ်ပေါင်းများစွာ တွေ့ဆုံဖူးခြင်းမရှိသေးသည့် ဖခင်၏ဖိတ်ကြားချက်အရ ကွန်ဂိုနိုင်ငံဆီကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ခြင်းသာဖြစ်ကြောင်း၄င်းကထွက်ဆိုခဲ့သည်။
ဗြိတိန်နိုင်ငံသားနှင့်ပတ်သက်ပြီးတရားဝင်သတင်းများမရရှိသေးကြောင်း သိ၇သည်။
ယခုနှစ်၊မေလ(၁၉)ရက်က အတိုက်အခံခေါင်းဆောင်ဖြစ်သူ ခရစ်စတင်းမာလန်ဂါက ဦးဆောင်ပြီး၊ သမ္မတအိမ်တော်နှင့်သမ္မတ Félix Tshisekedi ၏ ရင်းနှီးသော မဟာမိတ်တစ်ဦးတို့ကိုပစ်မှတ်ထား တိုက်ခိုက်ပြီးအာဏာသိမ်းယူရန်ကြိုးပမ်းအားထုတ်ခဲ့မှုအတွင်းလူ(၆)ဦး သေဆုံးခဲ့ရသည်။ မာလန်ဂါသည် အဆိုပါ တိုက်ခိုက်မှုကို ဆိုရှယ်မီဒီယာပေါ်တွင်တိုက်ရိုက်လွှင့်တင်ပြီးနောက် မကြာမီတွင် ကွန်ဂိုစစ်တပ်၏ ဖမ်းခတ်ဖမ်းဆီးမှုကိုခုခံရင်း ၄င်းသည် ပစ်သတ်ခံခဲ့၇သည်။