(အကြမ်းဖက်မှုများကိုစုံစမ်းစစ်ဆေးရန် အဆင့်မြင့်ကော်မတီတစ်ရပ် ဖွဲ့စည်းမည်)
ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ၂၃/ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသတွင် နေထိုင်လျက်ရှိနေကြသူများသည် လူ(၄)ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီကာဒဏ်ရာရရှိခဲ့သည့်အကြမ်းဖက် တိုက်ပွဲမှာများအပြီးတွင် ထိတ်လန့် ကြောက်ရွံ့ နေကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြကြောင်း ရဲတပ်ဖွဲ့နှင့်မျက်မြင်သက်သေများက စက်တင်ဘာ (၂၁)ရက်ကပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိ၇သည်။
စက်တင်ဘာ(၁၈)ရက်ကဘင်္ဂါလီအမျိုးသားတစ်ဦးမှ သတ်ဖြတ်ခံရမှုဖြစ်စဥ်အပြီး၊ မြန်မာနှင့်အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်နယ်စပ်ချင်းထိစပ်လျက်ရှိနေသည့်စစ်တကောင်းတောင်တန်းဒေသ တွင် လူနေအိမ်များနှင့်စီးပွားရေးလုပ်ငန်းများ မီးရှို့ခံ၇သည်။
ယင်းနောက်လူနည်းစု ဌာနေတိုင်းရင်းသား မိသားစုများသည်၄င်းတို့နေထိုင်သည့်နေရာမှ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ဆက်လက် ပြောဆိုသည်။
ဌာနေတိုင်းရင်းသားမျိုးနွယ်စု အများအပြား နေထိုင်ကြသည့်စစ်တကောင်းတောင်တန်းဒေသ ရှိ ခါကာဆိုရီ၊ရန္ကာမတီ နှင့် ဘင်ဒရိုဘင် ခရိုင် ၃ ခုတွင် ကျောင်းသားဦးဆောင်သည့်တိုင်းရင်းသား လူအဖွဲ့များက (၇၂)နာရီကြာ၊ ကားလမ်းနှင့် ရေလမ်းများကိုပိတ်ဆို့ကာဆန္ဒပြခဲ့ကြသည်။
စက်တင်ဘာ(၁၉)ရက်တွင် ပြင်ထန်ခဲ့သည့်မငြိမ်မသက်မှုဖြစ်ရပ်များ အတွက် တာဝန်ရှိသူများကို ပြစ်ဒဏ်ပေးရန် ဆန္ဒပြသူများကတောင်းဆိုမှုအတွင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း ဌာနေတိုင်းရင်းသား လူနည်းစုများမှအနည်းဆုံး အမျိုးသားလေးဦးသေဆုံးခဲ့သည်။
စက်တင်ဘာ(၁၉)ရက်တွင်မငြိမ်မသက်မှုများကိုပြုလုပ်ခဲ့ကြသူများကို ပြစ်ဒဏ်ပေးရန် ဆန္ဒပြသူများကတောင်းဆိုနေကြရာမှ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်။
ခါကာဆိုရီနှင့် ရန္ကာမတီရှိ မိသားစုပေါင်း များစွာသည် မီးလောင်နေသည့်နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပစ်ထားခဲ့ရပြီး ထွက်ပြေးခဲ့ကြ၇သည်။
အဆိုပါဒေသများတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ ရဲများနှင့်နယ်ခြားစောင့်တပ်များထူထပ်စွာချထားပြီး ကင်းလှည့်နေကြလင့်ကစား ဒေသခံများသည်ဘေးလွတ်ရာဆီသို့ ဆက်လက်ထွက်ခွာနေကြဆဲ ဖြစ်သည်။
“အခြေအနေကအရမ်းကိုတင်းမာနေပါတယ်၊ ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပူးပေါင်းပြီး ကင်းလှည့် နေကြပါတယ်၊မကြာခင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟုစစ်တကောင်း တောင်တန်းဒေသ ရဲတပ်ဖွဲ့မှဒုတိယစုံစမ်းစစ်ဆေးရေးမှူးချုပ်ဖြစ်သူ Ahsan Habib ကပြောသည်။
မြေပြန့်မှ အခြေချသူ ဘင်္ဂါလီအမျိုးသား၏ ဌာနေ တိုင်းရင်းသားလူနည်းစု အသိုက်အဝန်းအပေါ်အကြမ်းဖက်မှုသည် လက်တုံ့ ပြန်တိုက်ခိုက်မှုများဖြစ်ပေါ်စေခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာဝင်လူနည်းစုများအဓိကပိုင်ဆိုင်သည့် နေအိမ်များနှင့်စီးပွားရေးလုပ်ငန်း ပေါင်းများစွာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့၇သည်။
ယင်းနောက်ဗုဒ္ဓဘာသာဘုရားကျောင်းများသည် ပစ်မှတ်ဖြစ်လာပြီး ဒေသတွင်းဗလီများသည် အသံချဲ့စက်များကို အသုံးပြုကာ ဘင်္ဂလီလူအုပ်များကိုလှုံ့ဆော် ခဲ့ကြသည်ဟု မျက်မြင် သက်သေများကပြောကြောင်း ရိုက်တာက သတင်းဆက်လက် ဖော်ပြသည်။
လူလေးဦးသေဆုံးခဲ့ရပြီး (၇၂) ဦးဒဏ်ရာရရှိခဲ့သည့် အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသဆိုင်ရာအာဏာပိုင်များသည်ခါကာဆိုရီ နှင့် ရန္ကာမတီရှိ ခရိုင်တို့တွင် ညမထွက်၇အမိန့် ပုဒ်မ (၁၄၄)ကို ထုတ်ပြန်ကြေညာ ခဲ့သည်။
ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ် က အဆိုပါအကြမ်းဖက်မှု အတွက် အလွန်ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် ရန်နှင့် ဒေသတွင်းနေထိုင်ကြသူ အားလုံးတို့၏ဘေးရန်ကင်းရှင်းရေးကိုလည်း ဦးစားပေးလုပ်ဆောင်ကြ ရန် ၄င်းက ညွှန်ကြားထားသည်။
အဆိုပါအကြမ်းဖက်မှုများကိုစုံစမ်းစစ်ဆေးရန် အဆင့်မြင့်ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်းပြည်ထဲရေးဝန်ကြီးဌာန ၏အကြံပေးဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးJahangir Alam Chowdhury က နိုင်ငံရေးခေါင်းဆောင်များနှင့်အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။
၁၉၈၀ခုနှစ်များတွင် အစိုးရသည် မြေပြန့်ဒေသမှ မြေယာမဲ့ဘင်္ဂါလီမိသားစုထောင်ပေါင်းများစွာကို စတုရန်းမိုင် ၅၅၀၀ ကျယ်ဝန်းသည့်စစ်တကောင်းတောင်တန်းဒေ တွင် နေရာချထားပေးခဲ့ပြီး အခြေချ နေထိုင်သူများနှင့်ဌာနေတိုင်းရင်းသားလူမျိုးများအကြား တွင်တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်။
၁၉၉ရခုနှစ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစိုးရသည် သက်လူမျိုးများ ဦးဆောင်သည့် လူမျိုးစု တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့်Shanti Bahini နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး(၂၅) နှစ်ကြာ ပုန်ကန်ထကြွမှုကို အဆုံးသတ်ခဲ့သည်။ Source/ Reuters