တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

အစ္စရေးကလက်ဘနွန်ကို လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုများဆက်လက်ပြုလုပ် (ကလေး(၅၀) ဦးအပါအဝင် အနည်းဆုံး လူ (၅၅၈) ဦး သေဆုံးခဲ့)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 251

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၄/ ၂၀၂၄

အစ္စရေးကလက်ဘနွန် ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေး(၅၀) ဦး အပါအဝင် အနည်းဆုံး လူ (၅၅၈) ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျာဇီးရားသတင်းဖော်ပြချက်အရ သိရသည်။

အစ္စရေးတို့က လက်ဘနွန်ရှိဒေသအတော်များများ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ရာ ကလေးငယ် (၅၀) ဦးအပါအဝင် အနည်းဆုံး လူ (၅၅၈) ဦး သေဆုံးပြီး (၁၈၃၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနမှပြောဆိုချက်အရ သိရသည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် ကုလသမဂ္ဂတို့က ပစ်ခတ်တိုက်ခိုက်မှုများ ကို လျှော့ချကြရန် တောင်းဆို ထားကြသော်လည်း လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးတို့၏ လေတပ်စခန်းများကို စက်တင်ဘာ (၂၃)ရက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည်။

တစ်ချိန်တည်းဆိုသလိုပင် အစ္စရေးတို့ကလည်း ပြီးခဲ့သော ၂၄ နာရီအတွင်း လက်ဘနွန်ရှိ ဒေသ အတော်များများ ကို လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး လူ (၅၅၈) ဦး သေဆုံးပြီး (၁၈၃၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် (၅၀) ဦး၊အမျိုးသမီး (၅၈)ဦးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း(၂)ဦးတို့ ပါဝင်ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနစက်တင်ဘာ(၂၃)ရက်ညပိုင်းတွင် ပြောဆိုခဲ့သည်။

အစ္စရေးတို့အနေဖြင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နေရာပေါင်း (၁၁၀၀) ခန့်ကို ပစ်မှတ်ထားပြီ; တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေး စစ်ဘက်ဆိုင်ရာ အကြီးအကဲဖြစ်သူ Herzi Halevi က စက်တင်ဘာ (၂၃) ရက် ညနေပိုင်းတွင်အတည်ပြုပြောကြားခဲ့သည်။

လက်ဘနွန် တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိနေရာအတော်များစွာကို အစ္စရေးတို့က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုသည် လက်ဘနွန်တွင် ၁၉၇၅-၉၀ ခုနှစ် ပြည်တွင်းစစ် နောက်ပိုင်း အသေအပျောက် အများဆုံးနေ့ဖြစ်ခဲ့ရကြောင်း လက်​ဘ​နွ​န်နိုင်ငံ၊ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လက်ဘနွန် တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိနေရာအတော်များစွာကို အစ္စရေးတို့က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရတွင် နေအိမ်များ၊ ဆေးဘက်ဆိုင်ရာ စင်တာများ၊ လူနာတင်ယာဉ်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ထို့အပြင်ကားများဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေကြသူများကိုလည်း ထိမှန်ခဲ့ကြောင်းကျန်းမာရေး ဝန်ကြီးဌာနကဆက်လက် ပြောကြားခဲ့သည်။

စက်တင်ဘာ(၂၁)ရက်ကတည်းက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အပြန်အလှန် ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

ဟစ်ဇ်ဘိုလာ တို့ကစက်တင်ဘာ(၂၁)ရက်တွင် အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်အစင်းပေါင်း (၁၄၀) ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အစ္စရေးတို့ကလည်း လက်ဘနွန်၊ဘေရွတ်ကို ဒုံးကျည်အစင်း (၄၀၀) ကျော်ဖြင့်ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသေးသည်။ Source/Al Jazeera and Photo/DW

 

ဆက်စပ် သတင်းများ