တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

နီပေါတွင် ရေကြီးမှုကြောင့် လူ (၁၀၀)ကျော်သေဆုံးခဲ့ပြီး (၆၄)ဦး ပျောက်ဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 123

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄ (နိုင်ငံတကာ)

နီပေါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

နီပေါနိုင်ငံတွင် နှစ်ပေါင်း(၅၀)ကျော်ကာလ အတွင်းစံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၁၄၈ ဦး သေဆုံးပြီး၊ ၆၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

နီပေါနိုင်ငံ အရှေ့ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် စက်တင်ဘာ(၂၇)ရက် သောကြာနေ့ကစတင်ပြီး မြစ်ချောင်းအများအပြားတွင် ရုတ်တရက် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး အဝေးပြေးလမ်း အများအပြား သည် ရေလွှမ်းမိုးမှုများ ကြောင့် ပျက်စီးမှုများနှင့်ကြုံတွေ့ခဲ့ရသည်။

နီပေါနိုင်ငံ ခတ္တမန္ဒူချိုင့်ဝှမ်းတွင် (၂၄) နာရီအတွင်း မိုးရွာသွန်းမှု သည် ၂၄၀ မီလီမီတာ (၉.၄ လက်မ) ထိ စံချိန်တင် ရွာသွန်းခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသဗျူရိုက ခတ္တမန္ဒူပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါမိုးရွာသွန်းမှုသည် ၁၉၇၀ ခုနှစ်ကစပြီး မြို့တော်တွင်အမြင့်ဆုံးမိုးရေချိန်စံချိန်သစ်ဖြစ်ခဲ့ကြောင်း မိုးလေဝသ အစီရင်ခံစာက ဆိုသည်။ သေဆုံးသူ (၁၄၈)ဦးရှိပြီး (၆၄) ဦး ပျောက်ဆုံးနေ ကြောင်း ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ Dan Bahadur Karki က အေအက်ဖ်ပီသို့ ပြောဆိုခဲ့သည်။


နီပေါနိုင်ငံတွင် ယခုနှစ်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် သဘာ၀ ဘေးအန္တရာယ်များကြောင့် လူ (၂၆၀) ကျော် သေဆုံးခဲ့ရပြီဖြစ် သည်။ Bagmati မြစ်နှင့် ခတ္တမန္ဒူကိုဖြတ် ဖြတ်ူန်းစီးဆင်း နေသည့် မြစ်လက်တက်မြားစွာသည် ကမ်းပါးများကျိုးပေါက်ပြီး အနီးနားရှိ လူနေ အိမ်များနှင့် မော်တော် ယာဉ်များ ရေနစ်မြုပ်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက စက်တင်ဘာ(၂၉)ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ လူပေါင်း (၃၃၀၀) နီးပါးကို ရေဘေးလွတ်ရာ ကုန်းမြင့်နေရာသို့ပြောင်းရွှေ့ပေး ခဲ့ကြသည်။

ရဟတ်ယာဉ်များ၊ မော်တော်ဘုတ်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လုံခြုံရေးဝန်ထမ်း (၃၀၀၀ )ကျော်ကို တပ်ဖြန့်ချထားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို ဘေးကင်းရာသို့ကူညီ ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြသည်။

လတ်တလောတွင် ရုပ်အလောင်း ၂၀ ကိုသာ ဆယ်ယူထားနိုင်ခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်တားဖြစ်စေ ခဲ့သည်။

တောင်အာရှတွင် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း မိုးရွာခြင်းနှင့် ဆက်နွှယ်သည့် ရေကြီးမြေပြိုမှုများ အဖြစ်များသော်လည်း၊ ယခုအခါ ရာသီဥတုဖောက်ပြန်မှုများကြောင့် ရေကြီးမြေပြိုမှုများ ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကပြောဆိုသည်။ Source/The Daily Star

 

ဆက်စပ် သတင်းများ