တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

အစ္စရေးက လက်ဘနွန်နိုင်ငံတစ်ဝန်းကို လေကြောင်းမှဗုံး ကြဲတိုက်ခိုက်မှုများမရပ်မနား ဆက်လက် ပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 256

(ပြီးခဲ့သည့်  ၂၄ နာရီအတွင်း လူ၁၀၅ ဦး သေဆုံးခဲ့ကာ နှစ်ပတ်တာကာလအတွင်း လက်ဘနွန်နိုင်ငံသား ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ၆၀၀၀ကျော် ဒဏ်ရာရရှိခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄ (နိုင်ငံတကာ)

အစ္စရေးမှ လက်ဘနွန်နိုင်ငံတစ်ဝန်းကို လေကြောင်းမှဗုံး ကြဲတိုက်ခိုက်မှုများမရပ်မနား ဆက်လက် ပြုလုပ်နေသဖြင့် ပြီးခဲ့သည့် ၂၄  နာရီအတွင်း လူ (၁၀၅)ဦး သေဆုံးခဲ့ရကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးတို့၏ဂျက်တိုက်လေယာဉ်များသည် မြို့တော်ဘေရွတ်အပါအဝင် လက်ဘနွန်နိုင်ငံတစ်ဝန်ရှိ ပစ်မှတ်များကို မရပ်မနား ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေမှု ကြောင့် (၂၄) နာရီအတွင်း လူ (၁၀၅)ဦး သေဆုံးခဲ့ရပြီး လူပေါင်း(၁)သန်းခန့် သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရကာ လမ်းမများပေါ် တွင် အိပ်စက်နေကြရကြောင်း လက်ဘနွန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လက်ဘနွန် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ဖြစ်သူ နာဂျစ် မစ်ကာတီက အစ္စရေးတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏သမိုင်းတွင် “အဆိုးရွားဆုံး အိုးမဲ့အိမ်မဲ့ အကြပ်အတည်း” ကို ဖြစ်ပေါ် လာစေနိုင်သည်ဟု စက်တင်ဘာ(၂၉)ရက်က ပြောကြားခဲ့သည်။

အစ္စရေးစစ်တိုက်လေယာဉ်များသည် ဟစ်ဇ်ဘိုလာတို့၏ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ လက်ဘနွန် တစ်ဝှမ်းတွင် ဒါဇင်နှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့သည်။

စက်တင်ဘာ (၂၇) ရက်က တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာစရယ်လာ ကိုသတ်ဖြတ်ခဲ့ပြီး ၊ တစ်ရက်အကြာ စက်တင်ဘာ (၂၈) ရက် တွင် ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိ Nabil Kaouk ကို ထပ်မံသတ်ဖြတ်နိုင်ခဲ့ ကြောင်း အစ္စရေးစစ်တပ်ကစက်တင်ဘာ (၂၉) ရက် တွင် ကြေညာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများအပြီး အစ္စရေးတို့သည် လေကြောင်းတိုက်ခိုက်မှာများကို ရပ်နားခြင်းမရှိဘဲ လင်ဘနွန်နိုင်ငံတစ်၀န်းကို လေကြောင်းမှ အဆက်မပြတ် ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း လက်ဘနွန်နိုင်ငံသား (၁၀၀၀)ကျော် သေဆုံးခဲ့ပြီး ( ၆၀၀၀)ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်းလက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ Source/Al Jazeera and photo/ South China Morning post

ဆက်စပ် သတင်းများ