Preview

ထိုင်းတွင် ကျောင်းကားတစ်စီးမီးလောင်၍ ကျောင်းသားများအပါအဝင် ၂၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

အောက်တိုဘာ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :747
နိုင်ငံတကာ သတင်း

မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၁ /၂၀၂၄

ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်အတွင်း ကျောင်းကားတစ်စီးယနေ့နေ့လယ်က မီးလောင်ပေါက်ကွဲ၍ ကားပေါ်ပါလာသည့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ၂၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားသည် ပထုံဌာနီခရိုင်၊ ဝပ်ခေါင်ဖရာစာသင်ကျောင်းမှအယုဒ္ဓယမြို့သို့ လေ့လာရေးခရီးသွားရောက်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယင်းသို့သွားစဥ် ယနေ့ အောက်တိုဘာ ၁ ရက်၊ နေ့လယ်ကခူခေါ့ရဲစခန်းအပိုင် ဇီယာရန်စစ် ဈေးဝယ်စင်တာအရှေ့သို့အရောက်တွင် ကားရှေ့ဘက် တာယာတစ်လုံး ပေါက်ကွဲ သွားပြီးနောက်အရှိန်မထိန်းနိုင်ဘဲ သတ္တုအတားအဆီးများကို တိုက်မိကာ မီးလောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။



ဘတ်စ်ကားပေါ်တွင်မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း ၄၄ ဦးလိုက်ပါလာခဲ့သည်ဟုသိ၇သည်။

ကျောင်းသူ၊ကျောင်းသားများအပါအဝင် ၂၅ဦးမှာ ကားပေါ်တွင်ပိတ်မိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟုသတင်းများက ဆိုသည်။

၁၉ဦးမှာ ကားအပြင်သို့ ထွက်လာနိုင်ခဲ့ပြီး ယင်းအနက် ၁၆ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟုသိရသည်။

ထိုင်းဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်က ကျောင်းကားပေါ်ပါသည့်ကလေးငယ်များသည် ငယ်သေးပြီးယခုလိုဖြစ်ရပ်ကြုံသည့်အခါ ဘေးလွတ်ရာသို့ပြေးနိုင်ရန် မစွမ်းနိုင်ခဲ့သည့်အတွက်ထိခိုက်သေဆုံးခဲ့၇ခြင်းဖြသ်စည်ဟု မီဒီယာများကိုဖြေထားသည်။



ယင်းအပြင် မိခင်တစ်ဦးအနေဖြင့် မိသားစုများနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းလည်း သူမ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးရန် ဒုတိယဝန်ကြီးချုပ်အပါအဝင်ပြည်ထဲရေးဝန်ကြီးနှင့် ပို့ဆောင်ရေးဝန်ကြီးများကိုအခင်းဖြစ်သည့်နေရာသို့ စေလွှတ်ထားသည်ဟုလည်း သိ၇သည်။

ဓာတ်ပုံ- Fire & Rescue Thailand 

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.