အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

လက်ဘနွန်ကို မြေပြင်ထိုးစစ် စတင်ကြောင်းအစ္စရေးက ကြေညာပြီး အစ္စရေးတပ်များ လက်ဘနွန်နိုင်ငံ အတွင်းအထိ ထိုးဖောက် ဝင်ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 99

ဂျွန်နသန်၊ န်ရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄


လက်ဘနွန် ကို မြေပြင်ထိုးစစ် စတင်လိုက်ကြောင်းအစ္စရေးက ကြေညာခဲ့ပြီး အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်နိုင်ငံအတွင်းထဲအထိထိုးဖောက် ဝင်ရောက်လာကြောင်း အယ်လ်ဂျာဇီးရားသတင်း ဖော်ပြချက်အရသိရသည်။

 

အစ္စရေးတပ်ဖွဲ့များသည် သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများကို ပစ်မှတ်ထားသည့် မြေပြင်စီးနင်းမှုများကို စတင်လုပ်ဆောင် ခဲ့ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ(၁)ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

အစ္စရေးတို့သည် လေကြောင်းနှင့်အမြောက်ကြီးများ၏ ပစ်ကူဖြင့် မြေပြင်ကျုးကျော်တိုက်ခိုက်မှုကို စတင်ခဲ့ပြီး၊ နယ်စပ်အနီး ကျေးရွာများရှိ “ဟစ်ဇ်ဘိုလာ” တို့ ကို ပစ်မှတ်ထားပြီး လွန်ခဲ့သည့် နာရီအနည်းငယ်က မြေပြင်ထိုးစစ်ကို စတင်ခဲ့ကြောင်းအစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အစ္စရေးမြောက်ပိုင်းတွင်ရှိသည့် အစ္စရေးအသိုက်အဝန်းများအပေါ် ခြိမ်းခြောက်မှုများဖြစ်စေသည့် နယ်စပ်အနီး၊ လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာကျေးရွာများကို တိကျသော ထောက်လှမ်းရေး သတင်းများအပေါ် အခြေခံ၍ အကန့်အသတ်၊ ဒေသအလိုက်နှင့် ပစ်မှတ်ထားသည့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်ခဲ့ကြောင်း အစ္စရေး စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ရိုက်တာက ဖော်ပြသည်။



 

နယ်စပ်တွင် ပြင်းထန်သည့် အမြောက် ပစ်ခတ်သံများ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများ ၏ အသံများ ထွက်ပေါ်လာကြောင်း လက်ဘနွန်နယ်စပ်မြို့ Aita al-Shaab မှ ဒေသခံများထံမှသိရ သည်။

 

လက်ဘနွန်၏နယ်စပ်မြို့ဖြစ်သည့် Rmeish တွင်လည်း ညအချိန် ကောင်းကင်ယံ၌ မီးတောက်၊ မီးကျည်များ၊ ကိုတွေ့မြင်နေရသည်ဟုဒေသခံများက ပြော ဆို သည်။

 

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က လက်ဘနွန်တောင်ပိုင်းနယ်စပ်တစ်လျှောက် တွင် နောက်ထပ်အဆင့်(မြေပြင်ထိုးစစ်) စစ်ဆင်မှုကို မကြာမီစတင်တော့မည်ဖြစ်ကြောင်းနှင့် နယ်စပ်စစ်ပွဲ တစ်နှစ်နီးပါးကာလအတွင်း ဟစ်ဇ်ဘိုလာတို့၏ ဒုံးကျည်များကြောင့် ထွက်ပြေးခဲ့ကြရသည့် အစ္စရေး ပြည်သူများ ကို နေအိမ်များထံ ပြန်လည်ခေါ်ဆောင်ယူရန် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ(၃၀)ရက်က ပြောကြားခဲ့သည်။

 

၄င်းပြောကြားခဲ့ပြီးနောက်တစ်နေ့တွင် အစ္စရေးတို့ကလက်ဘနွန် ကို မြေပြင်ထိုးစစ် စတင်ခဲ့ခြင်းဖြစ်သည်။

 

နယ်စပ်ဖြတ်ကျော်၀င်ရောက်လာသည့်အစ္စရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားကာ မက်တူလာတွင် အမြောက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန် လက်နက်ကိုင် အဖွဲ့က အောက်တိုဘာ(၁)ရက်ကကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 သို့သော်လည်း ဟစ်ဇ်ဘိုလာတို့ကမူ အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်သို့ ဝင်ရောက်လာခြင်း မရှိသေးကြောင်း ဟစ်ဇ်ဘိုလာ မီဒီယာ အရာရှိ Muhammad Afif က အယ်လ်ဂျာဇီးရား သို့ ပြောကြားခဲ့သည်။

 

 "လက်ဘနွန်ထဲကို အစ္စရေးတွေ ဝင်လာတယ်လို့ အစ္စရေးတွေအခိုင်အမာပြောနေတာတွေဟာ မှားယွင်း ပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးရား သို့ ပြောဆိုသည်။

 

 “လက်ဘနွန် ထဲ ဝင်ရောက် ဖို့ ကြိုးပမ်းတဲ့ ရန်သူတပ်တွေ ကို ရင်ဆိုင်ဖို့ ကျွန်တော် တို့ရဲ့ တိုက်ခိုက်ရေး သမားတွေ က အဆင်သင့်ဖြစ်နေပါပြီ” ဟု ၄င်း ကဆက်လက်ပြော ဆိုသည်။ Source/ Al Jazeera/ Prothom Alo

ဆက်စပ် သတင်းများ