Preview

ထိုင်းတွင် ကျောင်းသားအများအပြားသေဆုံးခဲ့ရသည့် ကားမီးလောင်မှု ကားဒရိုင်ဘာအား ပုဒ်မလေးခုဖြင့် တရားစွဲ

အောက်တိုဘာ ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :1491
နိုင်ငံတကာ သတင်း

(ထွက်ပြေးသွားသည့်ကားဒရိုင်ဘာ ရဲစခန်းသို့ လာရောက်အဖမ်းခံ)

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၃ /၂၀၂၄

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျောင်းသား ၂၂ ဦးနှင့်ဆရာမ ၃ ဦးသေဆုံးခဲ့ရသည့် ဘတ်စ်ကားတစ်စီးမီးလောင်မှုကြောင့် ကားဒရိုင်ဘာကိုပုဒ်မလေးခုဖြင့်တရားစွဲထားသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနဖော်ပြချက်အရ သိ၇သည်။

ကားဒရိုင်ဘာ Samarn Chankut (၄၈)နှစ်ကိုမဆင်မခြင်မောင်းနှင်မှု၊ လူအသေအပျောက်ဖြစ်အောင်မောင်းနှင်မှု၊ ပေါ့လျော့မှု၊မတော်တဆမှုဖြစ်ပြီးနောက်မှာ အကူအညီပေးရန်ပျက်ကွက်မှုစသည့်ပုဒ်မလေးခုဖြင့်ထိုင်းရဲတပ်ဖွဲ့က တရားစွဲထားခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။

Samarn Chankut မောင်းနှင်လာသည့် လေ့လာရေးဘတ်စ်ကားသည်
 ပထုံဌာနီခရိုင်၊ ဝပ်ခေါင်ဖရာစာသင်ကျောင်းမှတဆင့် Bang Kruai ခရိုင်ရှိထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့၏ ပြပွဲသို့ အောက်တိုဘာ ၁ ရက်ကလေ့လာရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့သွားစဥ် ယင်းနေ့
 နေ့လယ်တွင်ခူခေါ့ရဲစခန်းအပိုင် ဇီယာ ရန်စစ် ဈေးဝယ်စင်တာအရှေ့သို့အရောက် ကားရှေ့ဘက် တာယာတစ်လုံး ပေါက်ကွဲသွားပြီးနောက် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးရှိ သတ္တုအတားအဆီးများကို တိုက်မိကာ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကားပေါ်တွင် အသက် ၆ နှစ်နှင့် ၁၅ နှစ်ကြားရှိ Grade-1 မှ Grade-9 ကျောင်းသူ၊ ကျောင်းသား ၃၈ ဦးနှင့် ဆရာ၊ ဆရာမ၆ ဦး၊ စုစုပေါင်း ၄၄ ဦး လိုက်ပါလာခဲ့သည်ဟု သိ၇သည်။

ကားမီးလောင်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၃ဦးမှာ ကားပေါ်တွင်ပိတ်မိ၍ သေဆုံးခဲ့သည်ဟု သတင်းများက ဆိုသည်။

၁၉ ဦးမှာ ကားအပြင်သို့ ထွက်လာနိုင်ခဲ့ပြီး ယင်းအနက် ၁၆ ဦးမှာထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိ၇သည်။

ကားဒရိုင်ဘာ Samarn Chankut သည်အခင်းဖြစ်ပွားခဲ့ချိန်က ထွက်ပြေးသွားခဲ့သော်လည်း ယင်းနေ့ညတွင်ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သည်ဟုလည်း သိ၇သည်။

ဓာတ်ပုံ - Fire & Rescue Thailand
 

Ref- Bangkok Post

 

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.