Preview

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆု ရရှိသူများ ထုတ်ပြန်ကြေညာ

အောက်တိုဘာ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1016
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄

၂၀၂၄ခုနှစ်အတွက် နိုဘယ်ဆု ရရှိသူများစာရင်း ကို အောက်တိုဘာ(၈)ရက်စတင်ပြီးထုတ်ပြန်ကြေညာလျက်ရှိသည်။

ရူပဗေဒနိုဘယ်ဆု ၊ဓာတုဗေဒ နိုဘယ်ဆု ၊ဆေးပညာ နိုဘယ်ဆုနှင့် စာပေနိုဘယ်ဆုများကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် စီးပွားရေးသိပ္ပံနိုဘယ်ဆုများကို ဆက်လက် ထုတ်ပြန်သွားမည်ဟု နိုဘယ်ဆု ကော်မတီ က သတင်းထုတ်ပြန်ချက်အရသိ၇သည်။

ထုတ်ပြန်ကြေညာခဲ့သည့်ဆုအမျိုးအစားနှင့်ဆုရရှိသူများမှာ-

၁။၂၀၂၄ ခုနှစ် ရူပဗေဒ နိုဘယ်ဆု (The Nobel Prize in Physics 2024)

သိပ္ပံပညာရှင်များဖြစ်ကြသည့်Princeton University, NJ, USAမှ John Hopfield နှင့်University of Toronto, Canada မှ Geoffrey Hinton တို့ကအသိဉာဏ်ရည်တု (AI) လေ့လာ တွေ့ရှိချက် ဖြင့် ၂၀၂၄ ခုနှစ်ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခံခဲ့၇သည် ။


၂။၂၀၂၄ ခုနှစ် ဓာတုဗေဒ နိုဘယ်ဆု (The Nobel Prize in Chemistry 2024)

သက်ရှိများဘ၀ ရှင်သန်ရေးအတွက် အခြေခံ ဆဲလ်များတွင် မရှိမဖြစ် လိုအပ်သည့် ပရိုတိန်း အာဟာရဓါတ်ဖြစ်တည်မှုကို သုတေသနပြုလုပ်ခဲ့ကြသည့် ပညာရှင်၃ ဦးဖြစ်သည့် University of Washington, Seattle, WA, USA Howard HughesMedical Institute, USA မှ David Baker Google DeepMind,London, UK မှDemis Hassabis နှင့် John M. Jumper တို့က၂၀၂၄ခုနှစ် ဓာတုဗေဒ နိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့၇သည် ။ ၄င်းတို့သည်သတ္တဝါများ အသက်ရှင်နေထိုင်ရန်အတွက် အရေးကြီးသည် အမိုင်နိုအက်ဆစ်၏ အကျိုးဆက်နှင့် ပရိုတိန်းဓါတ် တည်ဆောက်မှုတို့အကြား ဆက်နွယ်မှုတို့ကိုသုတေသနပြု လုပ်ခဲ့ကြသူများဖြစ်သည်။


၃။၂၀၂၄ ခုနှစ် ဇီ၀ကမ္မဗေဒ(သို့) ဆေးပညာ နိုဘယ်ဆု (The Nobel Prize inPhysiology or Medicine 2024)

သက်ရှိများ၏ မျိုးဗီဇစနစ်နှင့်ပတ်သက်ပြီး တွေ့ရှိချက် အသစ်များကို ဖော်ထုတ်နိုင်ခဲ့ကြသည့် University ofMassachusetts Medical School, Worcester, MA. မှသဘာ၀သိပ္ပံပညာပါမောက္ခ. Victor Ambros နှင့် မျိုးရိုးဗီဇဆိုင်ရာ ပါမောက္ခ GaryRuvkun  တို့သည်၂၀၂၄ ခုနှစ် ဇီ၀ကမ္မဗေဒ(သို့) ဆေးပညာ နိုဘယ်ဆု များချီးမြှင့်ခြင်းခံခဲ့၇သည်။ ၄င်းတို့သည်မျိုးရိုးဗီဇများ အလုပ်လုပ်သည့်စနစ်၏အခြေခံဖြစ်သည့် microRNA ကိုရှာဖွေ ဖော်ထုတ်ခဲ့ကြသူများဖြစ်သည်ဟု ဘယ်ဆုရွေးချယ်ရေး က ကြေညာခဲ့သည်။


၄။၂၀၂၄ ခုနှစ် စာပေနိုဘယ်ဆု (The Nobel Prize in Literature 2024)

တောင်ကိုရီးယားနိုင်ငံမှစာရေးဆရာမဖြစ်သူ Han Kang ကို ၂၀၂၄ ခုနှစ် စာပေနိုဘယ်ဆုရှင်အဖြစ်ကြေညာခဲ့သည်။ သမိုင်းနှင့်ချီသည့်ဒဏ်ရာ အနာတရ များ ကို ရင်ဆိုင်ခြင်းနှင့်ထိခိုက်ပျက်ဆီးလွယ်သည့် လူ့ဘ၀ကိုပုံဖေါ်ရာတွင် ထိမိသည့်စကားပြေနှင့်ရေးသား ထုတ်ဖေါ်တင်ပြခဲ့သူဖြစ်ကြောင်း နိုဘယ်ဆု ရွေးချယ်ရေး က ကြေညာခဲ့သည်။



၂၀၂၄ခုနှစ် နိုဘယ်ဆု များစာရင်းကို အောက်တိုဘာ (၈)ရက်တွင် ရူပဗေဒ နိုဘယ်ဆု၊ အောက်တိုဘာ(၉)ရက်တွင် ဓာတုဗေဒ နိုဘယ်ဆု၊ အောက်တိုဘာ (၁၀)ရက်တွင် စာပေနိုဘယ်ဆုစာရင်းများကိုကြေညာခဲ့ပြီး ၊အောက်တိုဘာ(၁၁)ရက်တွင်ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့်အောက်တိုဘာ (၁၄) ရက်တွင်စီးပွားရေးသိပ္ပံနိုဘယ်ဆု ရရှိသူများကိုဆက်လက်ကြေညာသွားမည်ဖြစ်သည်။

ဓာတုဗေဒပညာရှင်၊တီထွင်သူ ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက်နိုဘယ်က "လူသားမျိုးနွယ်အတွက် အကျိုးပြုနိုင်သောသူများကိုဆုချီးမြှင့်ရန်" ၁၈၉၅ ခုနှစ်တွင် သေတမ်းစာရေးသားခဲ့ သည်။

၄င်းကွယ်လွန်ပြီးနောက်၌၄င်းကျန်ရစ်ခဲ့သော အမွေများကို ဆုအမျိုးအစား (၅) မျိုးပေးအပ်ရန် ရေးသားခဲ့ သည်။

၎င်းဆုကိုနောက်တွင် "နိုဘယ်ဆု" ဟု အမည်မှည့်ခေါ် ခဲ့သည်။ ဆုအမျိုးအစား(၅) မျိုး မှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီ၀ကကမ္ဗဗေဒ (သို့) ဆေးပညာ၊ စာပေနှင့်ငြိမ်းချမ်းရေးဆိုင်ရာ ဆုများ ဖြစ်ကြသည်။

နိုဘယ်ဆုကို၁၉၀၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့ပြီးစီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုကို ၁၉၆၈ ခုနှစ်တွင် ဆွီဒင်ဗဟိုဘဏ် (Sveriges Riksbank) ကအဲလ်ဖရက်နိုဘယ်ကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် စတင်ပေးအပ်ခဲ့သည်။

ရူပဗေဒနိုဘယ်ဆုကို တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီကျောင်း (Royal Swedish Academyof Sciences) မှလည်းကောင်း ၊ဓာတုဗေဒပညာ နိုဘယ်ဆုကို တော်ဝင်ဆွီဒင် သိပ္ပံပညာ အကယ်ဒမီကျောင်း(Royal Swedish Academy of Sciences) မှ မှ လည်းကောင်း၊ဇီ၀ကမ္မပညာ (သို့) ဆေးနိုဘယ်ဆု ကို ကာရိုလင်စကာသိပ္ပံကျောင်း (KarolinskaInstitute) မှလည်းကောင်း ၊ စာပေ နိုဘယ်ဆိုကိုဆွီဒင်အကယ်ဒမီ (Swedish Academy) မှလည်းကောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေနိုင်ငံလွှတ်တော်ပါလီမန်ကခန့်အပ်ထားသည့် နော်ဝေနိုင်ငံနိုဘယ်ဆုကော်မတီမှလည်းကောင်း ရွေးချယ်ချီးမြှင့်သည်။

စီးပွားရေးသိပ္ပံပညာနိုဘယ်ဆုကိုဆွီဒင်ဗဟိုဘဏ်မှအဲလ်ဖရက်နိုဘယ်ကို အောက်မေ့သောအားဖြင့် ချီးမြှင့်ပေးအပ်သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.