ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၄
တူရကီနိုင်ငံ၏အကြီးဆုံးကာကွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် လေကြောင်းအာကာသကုမ္ပဏီ (TUSAS) ၊အကြမ်းဖက် တိုက်ခိုက်ခံ၇မှုကြောင့် အနည်းဆုံးလူ(၃) ဦး သေဆုံးကာ (၁၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းCNN ကသတင်းဖော်ပြချက်အရသိ၇သည်။
လက်နက်ကိုင်တိုက်ခိုက်သူများသည်အောက်တိုဘာ(၂၃)ရက်က တူရကီ မြို့တော်အန်ကာရာရှိ တူရကီအစိုးရပိုင် လေကြောင်း အာကာသကုမ္ပဏီ(TUSAS) ကို သေစေလောက်သည့်“အကြမ်းဖက်”တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်နက်ကိုင်ဆောင်သူများသည်အန်ကာရာမြို့၊ ဆင်ခြေဖုံးတွင်ရှိသည့် တူရကီလေကြောင်း အာကာသနှင့် ကာကွယ်ရေး (TUSAS) ရုံးချုပ်အားအကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ (၃)ဦး သေဆုံးခဲ့၇ပြီး (၁၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ အကြမ်းဖက် တိုက်ခိုက်သူနှစ်ဦး လည်း သေဆုံးသွားခဲ့ကြောင်းပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောဆိုသည်။
“ဒီပြင်းထန်တဲ့တိုက်ခိုက်မှုကို ကျွန်တော် ရှုတ်ချပါတယ်။ ကျွန်တော်တို့ရဲ့အာဇာနည်တွေ ကို ဘုရားသခင် က သနားတော်မူမှာပါ။ ဒဏ်ရာ၇သူတွေအမြန်သက်သာလာပါစေလို့လည်း ဆုတောင်းပါတယ်”ဟုYerlikaya ကဆက်လက်ပြောဆိုသည်။
တူရကီသမ္မတအာဒိုဂန် သည် သည်နှစ်စဉ်ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ရုရှားနိုင်ငံ ကာဇန် မြို့သို့ ရောက်ရှိနေစဉ်၊ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းCNN ကဖော်ပြသည်။
တူရကီနိုင်ငံ၏အဓိက ကာကွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TUSAS ရုံးချုပ် တိုက်ခိုက်ခံရမှုကြောင့်ဝမ်းနည်းမိကြောင်း အန်ကာရာ မြို့တော်ဝန် Mansur Yavas ကပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း တူရကီတရားရေးဝန်ကြီး Yilmaz Tunc က ပြောကြားခဲ့သည်။
TUSAS သည် တူရကီနိုင်ငံတွင်ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများထဲမှ အကြီးမားဆုံးသောကုမ္ပဏီတစ်ခုဖြစ်သည်။
TUSAS သည်လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ်များ(ဒရုန်းများ) နှင့် တိုက်လေယာဉ်များကိုထုတ်လုပ်နေသည့် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း Middle East Eye သတင်းဌာနမှ တူရကီဗျူရိုအကြီးအကဲ Ragip Soylu က CNN သို့ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာများကိုခြေရာခံလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ပြောကြားခဲ့သည်။
တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအလွန်အမင်းစိုးရိမ်မိကြောင်းကို သမ္မတအာဒိုဂန်နှင့် စကား ပြောဆိုခဲ့ကြောင်း၊နေတိုးသည်တူရကီနှင့်အတူ ရပ်တည်လျက်ရှိနေပါကြောင်းနေတိုးအဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး MarkRutte က ပြောကြားခဲ့သည်။ Source/CNN