ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၄/ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒပြကျောင်းသားများသည် သမ္မတအိမ်တော်အား ဝန်းရံ ပိတ်ဆို့ ထားပြီးသမ္မတ မိုဟာမက် ရှဟာဘူဒင် ကိုရာထူးမှ နုတ်ထွက်ပေး ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲပေးရန်အောက်တိုဘာ (၂၃)ရက်က တောင်းဆိုခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လပေါင်းများစွာမငြိမ်မသက်ဖြစ်စေခဲ့ရသည့် အစိုး၇ကို ဆန့်ကျင်သည့်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဩဂုတ်လအတွင်းကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ နုတ်ထွက်ခဲ့မှုနှင့်ပတ်သက်၍ သမ္မတ မိုဟာမက်ရှဟာဘူဒင်၏မှတ်ချက်ပြုစကားများအပေါ်ကျေနပ်မှုမရှိသည့်အတွက် ဆန္ဒပြ ကျောင်းသားများက သမ္မတအားရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီးနောက် တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ သည်။
သမ္မတရှဟာဘူဒင် သည် ဩဂုတ်လအတွင်းက ကျောင်းသားဦးဆောင်သောလူထုအုံကြွမှုအတွင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသောဝန်ကြီးချူပ်ဟောင်းဖြစ်သူရှိတ်ဟာဆီနာနုတ်ထွက် သွားခြင်းကို၄င်းအနေဖြင့်ကြားရုံမျှသာကြားသိခဲ့ရသော်လည်းသူမ၏တရားဝင်နှုတ်ထွက် စာကို မူတွေ့ မြင်ခဲ့ရခြင်းမရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ဘင်္ဂလီဘာသာစကားဖြင့်ဖော်ပြသည့်Manab Zamin သတင်းစာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြမှုကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သည့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုအဖွဲ့ က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြကျောင်းသားများသည် အောက်တိုဘာ(၂၂)ရက် မွန်းလွဲပိုင်းကသမ္မတ နုတ်ထွက်ရေးအပါအဝင် အချက် (၅)ချက်ကို ဒါကာရှိ Shaheed Minar လူထုစုဝေးပွဲ၌ကြေညာခဲ့သည်။
ရာနှင့်ချီသောဆန္ဒပြသူများသည် မြို့တော် ဒါကာတွင် အောက်တိုဘာ(၂၂)ရက်မှ(၂၃)ရက် အထိစုဝေးခဲ့ကြသည်။
ဆန္ဒပြသူအချို့သည်အောက်တိုဘာ(၂၂)ရက် ညပိုင်းတွင် ဘန်ဂါဘန်း(သမ္မတနန်းတော်) ဆီ သို့ရွှေ့ခဲ့ကြပြီး အချို့က သမ္မတနန်းတော်ကို ဝင်ရောက်စီးနင်းရန်ကြိုးပမ်းခဲ့ကြသည်။
စစ်တပ်က၄င်းနေရာကို အကာအရံများနှင့် ပိတ်ဆို့ထား ပြီးလုံခြုံရေး တာဝန်ရှိသူများက လူစုခွဲရန် မူးမေ့လဲကျစေသည့် စတန်လက်ပစ် ဗုံးများအသုံးပြုခဲ့ကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောဆိုချက်အရသိ၇သည်။
ဆန္ဒပြသူများသည်သမ္မတနန်းတော် အပြင်ဘက်တွင် မတ်တပ်ရပ်ကာ သမ္မတ ကိုရာထူးမှ နုတ်ထွက်ပေးရန်တောင်းဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြသူများသည် ၁၉၇၂ ခုနှစ်တွင် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်သိမ်းရန် နှင့် ၂၀၂၄ ခုနှစ်အခြေအနေနှင့်ကိုက်ညီမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲရန်၊ အဝါမီလိဂ်၏ကျောင်းသားအဖွဲ့အစည်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ချက်ထရာလိဂ်ကို ပိတ်ပင်ရန် ၊သမ္မတကိုရာထူးမှ နုတ်ထွက်ပေးရန်တောင်းဆိုခဲ့ကြသည်။
ထို့အပြင်ရှိတ်ဟာဆီနာလက်ထက်ကကျင်းပခဲ့သည့် ၂၀၁၈ခုနှစ် နှင့် ၂၀၂၄ခုနှစ် တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည်တရားမဝင်ကြောင်း ကြေညာရမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့်လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းမပြည့်မီသူများဖြစ်သင့်ကြောင်း ဆန္ဒပြသူများကတောင်းဆို ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်၏ ကျောင်းသားအဖွဲ့ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ချက်ထရာ ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေဖြင့် ပိတ်ပင်လိုက်သည်” ဟုအောက်တိုဘာ (၂၄)ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
“သမ္မတဟာ ဟာဆီနာရဲ့အာဏာရှင်အစိုးရရဲ့ ခရိုနီတစ်ဦးပါ။ သူဟာ သမ္မတရာထူးကနေချက်ချင်းနှုတ်ထွက်ပေး ၇မယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
ဆန္ဒပြကျောင်းသားများသည် သမ္မတ ရှဟာဘူဒင်အားရာထူးမှ ဆင်းပေး ရန် အချိန် (၂)ရက် သတ်မှတ်ပေး ခဲ့သည်။
မိုဟာမက်ရှာဟာဘတ်ဒင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏၁၆ ယောက်မြောက် သမ္မတဖြစ်သည်။
ဥပဒေပညာရှင်နှင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အဝါမီလိဂ် ်းအားသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး၄င်းသည် ၂၀၂၃ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကန့်ကွက်သူမရှိရွေးကောက်ခံခဲ့၇သူဖြစ်သည်။
လက်ရှိကြားဖြတ်အစိုးရသည် ရှိတ်ဟာဆီနာ၏ “ဖက်ဆစ်” အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်နေသည်ဟု ကျောင်းသားဆန္ဒပြသူများ၏ စွပ်စွဲမှုကို ခံနေရသည်။ ယူနွတ်ဦးဆောင်သည့်ကြားဖြတ်အစိုး၇သည် အောက်တိုဘာ(၂၄)ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပရန် ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျောင်းသားများ အဓိက ဦးဆောင်သည့် ဆန္ဒပြမှုများသည် ဇူလိုင်လတွင် ဖြစ်ပွားခဲ့ပြီး အစိုးရ အလုပ်အကိုင် ခွဲတမ်းစနစ် ရပ်ဆိုင်းရေးတောင်းဆိုသည့် အနေဖြင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက် လာခဲ့သည်။
အဆိုပါဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သြဂုတ် (၅) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့၇ကာအိန္ဒိယနိုင်ငံသို့ ထွက်ပြေး သွားခဲ့သည်။
ထို့နောက်နိုဘယ်ဆုရှင်၊ စီးပွားရေးပညာရှင်ဖြစ်သူ မိုဟာမက် ယူနွတ် ဦးဆောင်သောကြားဖြတ်အစိုး၇ကိုဖွဲ့စည်းခဲ့သည်။
ယူနွတ်သည် ဘင်္ဂလားဒေ့ရှ် ယာယီအစိုး၇၏ အကြီးအကဲအဖြစ် သြဂုတ် (၈)ရက်ကကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထိုနေ့တွင်သမ္မတ ရှဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ Source/AP /ANI