Preview

ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် နယ်စပ် ရဲတပ်ဖွဲ့မှ (၁၀) ဦးသေဆုံးပြီး၊ (ရ)ဦးဒဏ်ရာရ

အောက်တိုဘာ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :307
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုက်ဘာ ၂၆/ ၂၀၂၄ (နိုင်ငံတကာ)

ပါကစ္စတန်တွင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် နယ်စပ် ရဲတပ်ဖွဲ့မှ (၁၀) ဦးသေဆုံးခဲ့ပြီး၊(ရ)ဦးဒဏ်ရာရရှိခဲ့ကြောင်းကြောင်း သိ၇သည်။

စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် ပါကစ္စတန် နယ်စပ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ ဝင် (၁၀) ဦး သေဆုံးခဲ့ရပြီး၊ (ရ)ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကိုကိုးကား၍The Daily Star က အောက်တိုဘာ(၂၅)ရက်က သတင်း ဖော်ပြသည်။

ပါကစ္စတန်နယ်စပ်တွင် အနည်းဆုံး စစ်သွေးကြွ ၂၀ ဦး က နယ်စပ် စစ်ဆေးရေးဂိတ် တစ်ခုကိုညတွင်းချင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်းတာဝန်ရှိသူများက အောက်တိုဘာ(၂၅)ရက်က အတည်ပြုပြောကြားခဲ့သည်။

"စစ်သွေးကြွနှင့်ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးပစ်ခတ်ချိန်သည်တစ်နာရီခန့် ကြာမြင့်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်(၁၀)ဦးသေဆုံးခဲ့ရပြီး (ရ)ဦး ဒဏ်ရာရခဲ့သည် ဟု အမည်မဖော်လိုသည့်အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာအတိအကျနှင့် အသေးစိတ်ကိုမူ အဆိုပါသတင်းတွင် ဖော်ပြထားခြင်းမရှိပေ။Source/ The Daily Star

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.